ဗုဒ္ဓမြတ်စွယ်တော်

A d v e r t i s e m e n t With Us

August 12, 2019

ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံပွဲ သီရိလင်္ကာတွင် ကျင်းပ

သီရိလင်္ကာနိုင်ငံ ကန်နီမြို့မှာ နှစ်စဉ် ကျင်းပနေကျ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံပွဲကို သြဂုတ် ၁၀ ရက်က ကျင်းပပါတယ်။ ဗုဒ္ဓဘာသာဝင် လူများစုနေထိုင်ရာ သီရိလင်္ကာနိုင်ငံအတွင်း ဘာသာရေး အထွတ်အမြတ် အဖြစ်ဆုံးကျောင်း ဖြစ်တဲ့ စွယ်တော်ကိန်းဝပ်ရာ ကျောင်းတိုက်ကနေ စတင်ပြီး စီတန်းလှည့်လည် အပူဇော်ခံခဲ့တာပါ။ ရာစုနှစ်ချီပြီး နှစ်စဉ် ကျင်းပတဲ့ အစဉ်အလာလည်း ဖြစ်ပြီး ဆင်ပေါ်မှာ ဗုဒ္ဓရဲ့ သွားဓာတ်တော် ပါတယ်လို့ ယုံကြည်ကြတဲ့ ဓာတ်တော်ကြုတ်ကို တင်ဆောင် ပူဇော်ခံကြပါတယ်။ ဘုရားဖူးတွေဟာ လှည့်လည်ပူဇော်ခံပွဲမစခင် နာရီနဲ့ချီပြီး လမ်းတွေဘေးမှာ စောင့်နေခဲ့တာပါ။ အလှဆင်ယင်ထားတဲ့ ဆင်အစီး ငါးဆယ်နဲ့အတူ ကချေသည်တွေ ဗုံတီးသူတွေနဲ့ မီးတုတ် ကိုင်ဆောင်သူတွေ အယောက် နှစ်ထောင်လောက်လည်း ခြံရံလိုက်ပါ ပူဇော်ကြပါတယ်။  ဒီအပူဇော်ခံပွဲဟာ ကမ္ဘာလှည့်ခရီးသည်တွေကို အကြီးအကျယ် ဆွဲဆောင်ရာပွဲလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ အီစတာနေ့ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် ပွဲတော်လာ ပရိသတ်ဟာ ခါတိုင်းထက် လျော့နည်းတယ်လို့ မီဒီယာတွေက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဗုဒၶျမတ္စြယ္ေတာ္ လွည့္လည္ အပူေဇာ္ခံပြဲ သီရိလကၤာတြင္ က်င္းပ သီရိလကၤာႏိုင္ငံ ကန္နီၿမိဳ႕မွာ ႏွစ္စဥ္ က်င္းပေနက် ဗုဒၶျမတ္စြယ္ေတာ္ လွည့္လည္ အပူေဇာ္ခံပြဲကို ၾသဂုတ္ ၁၀ ရက္က က်င္းပပါတယ္။ ဗုဒၶဘာသာဝင္ လူမ်ားစုေနထိုင္ရာ သီရိလကၤာႏိုင္ငံအတြင္း ဘာသာေရး အထြတ္အျမတ္ အျဖစ္ဆုံးေက်ာင္းျဖစ္တဲ့ စြယ္ေတာ္ကိန္းဝပ္ရာ ေက်ာင္းတိုက္ကေန စတင္ၿပီး စီတန္းလွည့္လည္ အပူေဇာ္ခံခဲ့တာပါ။ ရာစုႏွစ္ခ်ီၿပီး ႏွစ္စဥ္ က်င္းပတဲ့ အစဥ္အလာလည္း ျဖစ္ၿပီး ဆင္ေပၚမွာ ဗုဒၶရဲ႕ သြားဓာတ္ေတာ္ ပါတယ္လို႔ ယုံၾကည္ၾကတဲ့ ဓာတ္ေတာ္ၾကဳတ္ကို တင္ေဆာင္ ပူေဇာ္ခံၾကပါတယ္။ ဘုရားဖူးေတြဟာ လွည့္လည္ပူေဇာ္ခံပြဲမစခင္ နာရီနဲ႔ခ်ီၿပီး လမ္းေတြေဘးမွာ ေစာင့္ေနခဲ့တာပါ။ အလွဆင္ယင္ထားတဲ့ ဆင္အစီး ငါးဆယ္နဲ႔အတူ ကေခ်သည္ေတြ ဗုံတီးသူေတြနဲ႔ မီးတုတ္ ကိုင္ေဆာင္သူေတြ အေယာက္ ႏွစ္ေထာင္ေလာက္လည္း ၿခံရံလိုက္ပါ ပူေဇာ္ၾကပါတယ္။ ဒီအပူေဇာ္ခံပြဲဟာ ကမာၻလွည့္ခရီးသည္ေတြကို အႀကီးအက်ယ္ ဆြဲေဆာင္ရာပြဲလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာ အီစတာေန႔ ခရစ္ယာန္ ဘုရားေက်ာင္း တိုက္ခိုက္ခံရမႈေၾကာင့္ ပြဲေတာ္လာ ပရိသတ္ဟာ ခါတိုင္းထက္ ေလ်ာ့နည္းတယ္လို႔ မီဒီယာေတြက ဆိုပါတယ္။
1 year Ago
Up