အမြွှာညီအကိုတယောက် ဗီရိုအောက် ပိနေတာကို ၂ နှစ်သားအရွယ် အမြွှာကလေးလေးက ကြိုးစားပြီး ကယ်တင်နေတဲ့ ရုပ်သံဗွီဒီယို လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
မေရာရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ဒီရုပ်သံထဲမှာ အမြွှာကလေး ၂ ဦးထဲက တဦးဟာ ဗီရိုအောက်မှ ပိနေပြီး နာကျင်စွာ အော်နေတာကို တွေ့ရမှာပါ။ ဗီရိုအောက်ပိနေတဲ့ ကလေးရဲ့ အမြွှာညီအကို ကလေးက ဗီရိုအနီးအနားဝန်းကျင်မှာ လမ်းလျှောက်ပြီး ဘယ်လို ကယ်တင်ရမလဲ ဆိုတာကို နည်းလမ်းရှာနေပါတယ်။
ဗီရိုကို တွန်းမကြည့်ခင် “မ” ပြီး ရွှေ့ဖို့လည်း အကြိမ်ကြိမ် ကြိုးစားပါသေးတယ်။ နောက်ဆုံးမှာ ဗီရိုကို ရွှေ့နိုင်ပြီး ဗီရိုအောက် ပိနေတဲ့ ကလေးလည်း ဗီရိုအောက်က ထွက်လာနိုင်တာကို တွေ့ရမှာပါ။
ယူတက်က အမြွှာကလေးတွေရဲ့ဖခင် ရစ်ကီရှို့ဖ်က ဇန်နဝါရီလ ၁ ရက်နေ့က ဒီရုပ်သံဗွီဒီယိုကို အင်တာနက်စာမျက်နှာပေါ် တင်လိုက်တာပါ။
“ဒီရုပ်သံကို တင်ဖို့ နည်းနည်းစဉ်းစားပါသေးတယ်။ ဒါပေမယ့် ဒါက သတိရှိဖို့ တစ်ခုတည်းသာမဟုတ်ဘဲ အင်မတန်ကို မယုံကြည်နိုင်စရာပါ။ ဒီအမြွှာကလေး ၂ ယောက်ရဲ့ သံယောဇဉ်ကြိုး ခိုင်မြဲမှုကိုလည်း ကျနော်တို့ တကယ့်ကို အသိအမှတ်ပြုမိတယ်” လို့ ကလေးတွေရဲ့ ဖခင်က ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ပြောခဲ့ပါတယ်။
“ခင်ဗျားတို့ရဲ့ ဗီရိုတွေကို နံရံနဲ့ သေချာစိတ်ချရအောင် ကပ်ချည်ထားဖို့ လိုတယ်” လို့ ရစ်ကီက ထပ်ပြောပါသေးတယ်။
လူမှုကွန်ရက်မှာ ဒီရုပ်သံကို ကြည့်ရှုသူတွေထဲက တဦးက “သူရဲ့အမြွှာညီအကို ဗီရိုအောက် ပိနေတာက လွတ်လာအောင် ဗီရိုကို “မ” နိုင်တာက ဘုရားသခင်ဆီက ရတဲ့ တကယ့်ကို အိပ်မက်လို အံ့သြစရာတစ်ခုပဲ” လို့ ရေးထားပါတယ်။
6 years Ago