ဗီလာရီးရဲလ် ခေါ်ယူ

February 1, 2020

ဒေါ့မွန်တိုက်စစ်မှူးကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဗီလာရီးရဲလ် ခေါ်ယူ

စပိန်ကလပ် ဗီလာရီးယဲလ်အသင်းဟ် ဒေါ့မွန်တိုက်စစ်မှူး အယ်လ်ကာဆာကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။  ဗီလာရီးရဲလ်အသင်းဟာ အယ်ကာဆာအတွက် ပေါင် ၁၉ ဒသမ ၃ သန်း ပေးချေခဲ့ရပြီး ၂၀၁၈ ခုနှစ်က  ဂျရတ်မိုရီနိုအား ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၁၆ ဒသမ ၆ သန်းကို ကျော်ဖြတ်ပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိ စပိန်တိုက်စစ်မှူး အယ်လ်ကာဆာဟာ ဒေါ့မွန်အသင်းကို တိုက်စစ်မှူး ဟာလန်း ရောက်ရှိလာခဲ့ပြီးနောက် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့လို့ အသင်းပြောင်းရွှေ့ခဲ့တာပါ။  ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဖြစ်သူ အယ်လ်ကာဆာကို ဒေါ့မွန်အသင်းက ပြီးခဲ့တဲ့နှစ်ကမှ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် ဟာလန်းကို ခေါ်ယူနိုင်ခဲ့လို့ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။  အယ်လ်ကာဆာဟာ ဒေါ့မွန်နဲ့ တနှစ်ခွဲကာလအတွင်းမှာ စုစုပေါင်း ၄၆ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
1 year Ago
Up