ဗီလာရီးရဲလ်

July 28, 2020

ဗီလာရီးရဲလ်အသင်းဟာ နည်းပြသစ် အမ်မရီကို တရားဝင်မိတ်ဆက်

စပိန်မြေကို ပြန်လာပြီး ဗီလာရီးရဲလ်အသင်းကို ကိုင်တွယ်ဖို့က ကိုယ့်အိမ်ကို ပြန်လာရသလို ပျော်ရွှင်မိတယ်လို့ နည်းပြသစ် အူနိုင်းအမ်မရီက ပြောပါတယ်။  ဗီလာရီးရဲလ်အသင်းဟာ အမ်မရီနဲ့ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ ၄ နှစ်ကြာ ဘောလုံးအတွေ့အကြုံတွေ ရယူခဲ့ပြီးနောက် ဗီလာရီးရဲလ် အသင်းဆီ ပြန်လာခဲ့တာဟာ  မိမိအိမ်ကို ပြန်လာရသလို ခံစားရပြီး အောင်မြင်မှုတွေရယူဖို့ ကြိုးပမ်းမယ်လို့ အမ်မရီက ပြောပါတယ်။  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အာဆင်နယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အမ်မရီဟာ စပိန်မြေကို ၄ နှစ်အကြာမှာ နည်းပြတစ်ဦးအနေနဲ့ ပြန်လည်ရောက်ရှိခဲ့တာပါ။ အမ်မရီဟာ အာဆင်နယ် မရောက်ခင် ပီအက်စ်ဂျီအသင်းမှာ ၂ နှစ် ကိုင်တွယ်ခဲ့ပြီး ဗလင်စီယာနဲ့ ဆီဗီလာအသင်းတွေမှာတော့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
1 year Ago

July 24, 2020

အာဆင်နယ်နည်းပြဟောင်း အမ်မရီကို နည်းပြချုပ်အဖြစ် ဗီလာရီးရဲလ်အသင်းခန့်အပ်

စပိန်ကလပ်ဗီလာရီးရဲလ်အသင်းဟာ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူခန့်အပ်လိုက်ပါတယ်။ လာလီဂါပြိုင်ပွဲအပြီးမှာ အဆင့် ၅ နေရာမှာရပ်တည်အောင်စွမ်းဆောင်ခဲ့တဲ့ နည်းပြ ယာဗီကယ်လီယာနဲ့ လမ်းခွဲခဲ့ပြီး အမ်မရီနဲ့အစားထိုးခန့်အပ်ခဲ့တာပါ။ စပိန်နည်းပြအမ်မရီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အာဆင်နယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။ အမ်မရီဟာ အာဆင်နယ်အသင်းမတိုင်ခင်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ၂ ရာသီကြာ ကိုင်တွယ်ခဲ့ပြီး အဲဒီမတိုင်ခင်ကလည်း  ဗလင်စီယာနဲ့ ဆီဗီလာအသင်းတွေမှာ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပါတယ်။ အမ်မရီအနေနဲ့ ဗီလာရီးရဲလ်အသင်းနဲ့ အတူ ယူရိုပါလိဂ်နဲ့ စပိန်လာလီဂါမှာ ရလဒ်ကောင်းရအောင်စွမ်းဆောင်ပြရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း ကြိုးပမ်းဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။  Sports Villarreal appointed Emery 
1 year Ago
More News
Up