ဗီလာရီးရဲလ်ကို အနိုင်ယူပြီး လီဗာပူး ယူရိုပါလိဂ် ဗိုလ်လုပွဲတက်

May 6, 2016

ဗီလာရီးရဲလ်ကို အနိုင်ယူပြီး လီဗာပူး ယူရိုပါလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

မေလ ၅ ရက်ညက ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းက စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဗိုလ်လုပွဲတက်ရောက်ရေး အနိုင်ရဖို့လိုနေတဲ့ လီဗာပူးက ပွဲစပြီး ၇ မိနစ်မှာပဲ ၁ ဂိုး စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်မှာ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ၇၁ မိနစ်မှာ ဗီလာရီးရဲလ်က ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ၁ ဦး အထုတ်ခံရပြီးတဲ့နောက် ဒုတိယပိုင်း ၈၁ မိနစ်မှာ တတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရယူ ကစားသွားပါတယ်။ ပထအကျော့ ဗီလာရီးရဲလ်ကွင်းမှာတော့ လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပေမယ့် ဒုတိယအကျော့မှာ အနိုင်ရတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ဗိုလ်လုပွဲ တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မေ ၁၈ ရက်မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် စပိန်လာလီဂါကလပ် ဆီဗီးလားနဲ့ ဆွစ်ဇာလန်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဗိုလ်စွဲတဲ့အသင်းကတော့ ချန်ပီယံလိဂ်ကို ၀င်ရောက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
6 years Ago
Up