ဗီလာရီးရဲလ်

A d v e r t i s e m e n t With Us

August 10, 2018

ဗီလာရီးရဲလ် ကစားသမားသစ် ကာဇိုလာကို မျက်လှည့်ပြပြီး ပရိသတ်များနှင့် မိတ်ဆက်

ဗီလာရီးရဲလ်အသင်းဟာ ကစားသမားသစ် ဆန်တီကာဇိုလာကို မျက်လှည့်ပြပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အသင်းပရိသတ် ၄၅၀၀ ရှေ့မှောက်မှာ မျက်လှည့်ဆရာက ဗီလာရီးရဲလ် လိုဂိုထည့်ထားတဲ့ ဖန်ပေါင်းချောင်ကို မီးခိုးငွေ့တွေနဲ့ ပြည့်နှက်စေခဲ့ပြီး မီးခိုးတွေ ကုန်သွားချိန်မှာတော့ ကာဇိုလာကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကာဇိုလာဟာ ဖနောင့်ကြောဒဏ်ရာကြောင့် ရက်ပေါင်း ၆၄၆ ရက်တိတိ အနားယူခဲ့ရပြီး အာဆင်နယ်ကနေ ဗီလာရီးရဲလ်အသင်းကို ၁ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ ကာဇိုလာကတော့ ဗီလာရီးရဲလ်အသင်းကို ပြန်လည်ရောက်ရှိခဲ့တာဟာ အိမ်ကိုပြန်ရောက်လာခဲ့သလို ဖြစ်ပြီး အသင်းဟာ သူ့ကို အမြဲအားပေးသလို အချိန်မရွေး ပြန်လာဖို့ တံခါးဖွင့်ပေးထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကာဇိုလာဟာ အသင်းဟောင်းဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ပျော်ရွှင်နေပြီး ပရိသတ်တွေနဲ့အတူ ကခုန်ခဲ့ပါတယ်။
2 years Ago

December 13, 2016

အက်သလက်တီကိုကို ဂိုးပြတ်အနိုင်ယူပြီး ဗီလာရီးရဲလ် အမှတ်ပေးဇယား အဆင့် ၄ တက်ရောက် (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါပွဲစဉ် ၁၅ အဖြစ် ဗီလာရီးရဲလ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ဒီဇင်ဘာ ၁၂ ရက်ညက ယှဉ်ပြိုင်ရာ ဗီလာရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဗီလာရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၈ မိနစ်မှာ Manuel Trigueros၊ ၃၈ မိနစ်မှာ Jonathan dos Santos နဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ Roberto Soriano တို့က သွင်းယူပေးခဲ့တာပါ။ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဗီလာရီးရဲလ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ ဒီရာသီ ပေးဂိုး ၁၀ သာရှိသေးတဲ့ ဗီလာရီးရဲလ်ရဲ့ ခံစစ်ကလည်း တီကိုရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားထားနိုင်ခဲ့ပြီး လက်ရှိ လာလီဂါအသင်းတွေထဲမှာ ပေးဂိုးအနည်းဆုံးနဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဗီလာရီးရဲလ်ဟာ တီကိုကို ကျော်ဖြတ်ကာ အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး တီကိုကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
More News
Up