ဗီယက်နမ်သီချင်

March 6, 2020

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ကိုရိုနာဗိုင်းရပ်စ် Challenge ဗီယက်နမ်သီချင်း(ရုပ်သံ)

ဗီယက်နမ်ဘာသာစကားနဲ့ သီဆိုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် Challenge သီချင်းတပုဒ်ဟာ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ COVID -19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ ဒီရောဂါကြောင့် သေဆုံးမှုတွေ များလာ တာကြောင့် လတ်တလောမှာတော့ ဒါနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ၊ ဂရုပြု ဆင်ခြင်စရာတွေကို ကမ္ဘာ့နိုင်ငံတွေအနှံ့ အလေးထားလုပ်ဆောင်နေကြတာပါ။ လတ်တလောရေပန်းစားနေတဲ့  “GHEN CÔ VY” အမည်ရတဲ့ သီချင်းကိုတော့ Erik နဲ့ Min အဆိုတော် ၂ ယောက်က သီဆိုပေးထားကြတာ ဖြစ်ပြီး သီချင်းစာသားတွေ ထဲမှာတော့ လူတွေကို ရောဂါအသိပညာပေးအနေနဲ့ မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံးနဲ့ ပါး စပ်တွေကို မပွတ်ဖို့၊ မထိတွေ့ဖို့တွေအပါအဝင် လူသူထူထပ်တဲ့ နေရာတွေကို သွားလာတာတွေ ရှောင်ကြဉ်ကြဖို့၊ သန့်သန့်ရှင်းရှင်း နေထိုင်ကြဖို့ စတဲ့ အချက်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဒီသီချင်းကို Lyrics Video အနေနဲ့ အန်နီမေးရှင်းရုပ်သံတခုအနေနဲ့ အသိပညာပေး မျှဝေထားခဲ့တာပါ။ ဒီသီချင်းကို ဗီယက်နမ်နိုင်ငံရဲ့ ထင်ရှားလူသိများတဲ့ အကသမားတဉီးဖြစ်တဲ့ Quang Dang က TikTok ပေါ်မှတဆင့် အကလှုပ်ရှားမှုတွေနဲ့ Challenge လုပ်ခဲ့ချိန်မှာတော့ တစတစ ပိုပြီးလူသိများလာခဲ့တာပါ။ လမ်းမပေါ်မှာ ရိုက်ကူးထားခဲ့တဲ့ Quang Dang ရဲ့ အကရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဝါရောင်တောက်တောက် ဝတ်စုံတွေနဲ့အတူ အကသမား ၂ ယောက်က စည်းချက်ကျကျ လှုပ်ရှားမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကခုန်နေခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီ Challenge နဲ့အတူ နာမည်ကြီးနေခဲ့တဲ့ Quang Dang ရဲ့ အက TikTok ရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
Up