ဗီယက်နမ်ဘောလုံးလိဂ်ပြိုင်ပွဲတွေကို ဇွန်လ ၅ ရက်က ပြန်လည်စတင်ခဲ့ရာမှာ ပရိသတ်ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြပါတယ်။
နမ်ဒင်းအသင်းနဲ့ ဗီယက်တဲလ်အသင်းတို့ရဲ့ V League ပွဲစဉ်မှာ ပရိသတ်တွေ အများအပြား လာအားပေးခဲ့ကြပါတယ်။
တခြားနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကွင်းပိတ်ကျင်းပနေပေမယ့် ဗီယက်နမ်မှာတော့ ခပ်ခွခွာ မနေကြသလို အကာအကွယ်တွေလည်း တပ်ဆင်ခြင်းမရှိဘဲ ကွင်းထဲ ကို လာရောက်ခွင့်ပြုထားတာဖြစ်ပါတယ်။
ဗီယက်နမ်ပရိသတ်တဦးကတော့ ဗိုင်းရပ်စ်ကို ကြောက်နေမယ်ဆိုရင် ကွင်းထဲအထိ လာရောက်အားပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။
အဲဒီပွဲစဉ်မှာ နမ်ဒင်းအသင်းက ၁ ဂိုး ၂ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။
ဒီလို ကွင်းလုံးပြည့်ပရိသတ်တွေနဲ့ ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ခဲ့တာက ဗီယက်နမ် နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာ ပြသနိုင်ခဲ့တာလို့ ဗီယက်တဲလ်အသင်းက လက်ရွေးစင်အသင်းခေါင်းဆောင် ကွီငိုဟိုင်က ပြောပါတယ်။
ဗီယက်နမ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၂၈ ဦးရှိခဲ့ပေမယ့် သေဆုံးသူတဦးမှ မရှိခဲ့ပါဘူး။
9 months Ago