ဗီယက်နမ်ကမ်းခြေ

November 15, 2020

တိုင်ဖွန်းမုန်တိုင်း “ဗမ်ကို” ယနေ့ညနေ ဗီယက်နမ်ကမ်းခြေကို ဝင်ရောက်နိုင်

တောင်တရုတ် ပင်လယ်ပြင်မှာ  ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဗမ်ကို” (Vamco) ဟာ ဒီနေ့ညနေပိုင်း ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ တိုင်ဖွန်းမုန်တိုင်း “ဗမ်ကို” ဟာ ဗီယက်နမ်နိုင်ငံ ဒွန်ဟွိုင်းမြို့ (Dong Hoi) ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်တွေမှာ အများအားဖြင့် သာယာမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
1 year Ago

October 26, 2020

အပူပိုင်းမုန်တိုင်း “ဆာ့ဒယ်(လ်)” အားလျော့သွားပြီး ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “ဆာ့ဒယ်(လ်)” (Saudel)ဟာ ဒီနေ့မနက်  မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်  တိုင်းထွာချက်အရ အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီး  ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်သွားပြီလို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊  တစ်ဖြည်းဖြည်း အားလျော့သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့   ရခိုင်ပြည်နယ်တို့မှာ  နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ  နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ  ၄ ပေမှ ၇ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်ကတော့ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မှာ  နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- မိုးဇလ
1 year Ago
Up