ဗီယက်နမ် - မြန်မာ

September 17, 2017

ဗီယက်နမ် - မြန်မာ ပန်းချီပြပွဲ အမျိုးသားပြတိုက်တွင် ပြသ

ဗီယက်နမ် - မြန်မာချစ်ကြည်ရေးတည်တံ့ဖို့ ရည်ရွယ်ပြီး တတိယအကြိမ်အဖြစ် ဗီယက်နမ် - မြန်မာ ပန်းချီပြပွဲကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားပြတိုက်မှာ ကျင်းပနေပါတယ်။ ဗီယက်နမ် သံအမတ်ရဲ့ ကမ်းလှမ်းမှုနဲ့ စီစဉ်ပြသတဲ့ ဒီပန်းချီပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အကြာ ပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာ မြန်မာပန်းချီဆရာ ၁၀ ယောက်ရဲ့ ပန်းချီကားလက်ရာ ၂၀ နဲ့ ဗီယက်နမ် ပန်းချီဆရာအယောက် ၂၀ ရဲ့ ပန်းချီကားပေါင်း ၂၉ ကားကို ပြသထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက ပထမဆုံးအကြိမ်နဲ့ ပြီးခဲ့တဲ့လက ဒုတိယအကြိမ်ပြသခဲ့ပြီးဖြစ်ပါတယ်။
4 years Ago
Up