ဗီယက်နမ် ဖိတ်ခေါ်

A d v e r t i s e m e n t With Us

October 28, 2016

ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ မြန်မာလူငယ်အသင်း ၀င်ပြိုင်မည်

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပမယ့်  Youth Newspaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၂၁ နှစ်အောက် လူငယ်လက်ရွေးစင် အသင်း ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ပါတယ်။ ဒီပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်ကနေ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဂယ်လိုင်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး၊ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှုကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အသင်းကို ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းရဲ့ ပဏာမအသင်းအဖြစ် ဖွဲ့စည်းဖို့ ရည်ရွယ်ထားပြီး နည်းပြချုပ် တာဝန်ကိုလည်း ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းကို  ကိုင်တွယ်မယ့်  ဦးကြည်လွင်ကို ပေးအပ်သွားမှာဖြစ်ပါတယ်။
4 years Ago
Up