ဗီယက်နမ်ရေကြီးမှု

October 14, 2017

ဗီယက်နမ်ရေကြီးမှု သေဆုံးသူ ၅၄ ဦးရှိပြီ၊ ၃၉ ဦး ပျောက်ဆုံး

ဗီယက်နမ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဒီသီတင်းပတ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၄ ဦး အထိ ရှိသွားပြီ ဖြစ်ပြီး ၃၉ ဦး ပျောက်ဆုံးနေတယ်လို့ ဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်က စတင် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ငုယင်စွမ်း ကူလောင် ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဒီသီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် အိုးအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပြီး ၃၄,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပါတယ်။ စပါးစိုက်ခင်း ဧက ၅၄,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး တိရစ္ဆာန် ၁၈၀,၀၀၀ ၀န်းကျင် ရေနစ် သေဆုံးခဲ့ရတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up