ဗီယက်နမ်အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး

A d v e r t i s e m e n t With Us

December 5, 2016

ဗီယက်နမ်အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး (ရုပ်သံ)

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ပြည်နယ်တွေမှာ နိုဝင်ဘာလကုန်ပိုင်းစပြီး မိုးအဆက်မပြတ် ရွာသွန်းနေလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့အထိ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အလယ်ပိုင်းပြည်နယ် ၂ ခုမှာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ တင်ကွမ်နမ် (Tỉnh Quảng Nam) ပြည်နယ်က အသက် ၄ နှစ်နဲ့ ၁၃ နှစ်ကြား ကလေး ၃ ဦး ဒီဇင်ဘာ ၃ ရက်နေ့က ချောင်းရေနဲ့ မျောပါသွားတယ်လို့ ဗီယက်နမ်သတင်းမှာ ဖော်ပြပါတယ်။ ဆောင်းရာသီမိုးဟာ နိုင်ငံတောင်ပိုင်းမှာ ရွေ့လျားနေပြီး အလယ်ပိုင်းပြည်နယ်တွေမှာ လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့အထိ မိုးပိုလာနိုင်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခုနှစ် အောက်တိုဘာလကစပြီး နိုင်ငံအလယ်ပိုင်း ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၆၅ ဦး ရှိသွားပြီဖြစ်ပြီး နေအိမ် ၂ သိန်းကျော် ရေနစ်မြုပ်ခဲ့ပါတယ်။ ရထားလမ်းနဲ့ ကားလမ်းတွေလည်း ရေနစ်မြုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
4 years Ago
Up