ဗီယက်နမ်တွင် အတင်းအကျပ် လိင်ကျွန်ပြုမှုဖြင့် လူ ၄ ဦးကို ဖမ်းဆီး

May 26, 2016

ဗီယက်နမ်တွင် အတင်းအကျပ် လိင်ကျွန်ပြုမှုဖြင့် လူ ၄ ဦးကို ဖမ်းဆီး

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း နမ့်ဒင်းဒေသမှာ ဆင်းရဲသားအမျိုးသမီးတွေကို လိင်လုပ်ငန်းထဲအတင်းသွတ်သွင်းသူ ၄ ဦးကို ရဲတွေက မေ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စကို ကျူးလွန်တယ်လို့ သံသယရှိသူတွေအဖြစ် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး Le Thi Thanh Dam နဲ့ သူ့ရဲ့ ချစ်သူအပါအ၀င် ၄ ဦးဖြစ်တယ်လို့ ရဲက ပြောကြောင်း ဗီယက်နမ် Thanh Nien သတင်းက ဖော်ပြပါတယ်။ စစ်ဆေးချက်အရ Dam ဟာ မြောက်ဖျားပိုင်း တောင်ထူထပ်တဲ့ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲတဲ့ တိုင်းရင်းသူတွေကို အဓိကပစ်မှတ်ထားလုပ်ကိုင်ခဲ့ကြောင်းနဲ့ မိန်းကလေးငယ်တွေဟာ အလုပ်တခုခုရဖို့ အပူတပြင်းရှာဖွေနေသူတွေဖြစ်ကြပြီး အလုပ်ရဖို့ ရွေးချယ်စရာလမ်းနည်းပါးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်အကိုင် ကောင်းကောင်းရမယ်လို့ အမျိုးသမီး ၅ ဦးကို ကတိပြုသိမ်းသွင်းပြီး တဦးကို ဗီယက်နမ်ငွေကြေး ၁၀ သန်း (ဒေါ်လာ ၂၂၅ - ဒေါ်လာ ၄၅၀) နဲ့ နမ့်ဒင်းဒေသက ဧည့်ရိပ်သာတွေဆီ ရောင်းချခဲ့ကြောင်းနဲ့ အဲဒီဧည့်ရိပ်သာမှာ လိင်လုပ်သားအဖြစ် အလုပ်လုပ်ရကြောင်း ရဲက ပြောပါတယ်။ အဲဒီအမျိုးသမီး ၅ ယောက်ထဲက ၃ ယောက်က ထွက်ပြေးလာပြီး ရဲကိုတိုင်ကြားခဲ့တာဖြစ်ပြီး ကျန်နှစ်ယောက်ကိုလည်း ရဲက ကယ်တင်နိုင်ခဲ့ပါတယ်။ အမျိုးသမီးတဦးက Dam က သူ့ကလေးထိန်းဖို့ဆိုပြီး လစာနဲ့ငှားတာကြောင့် လိုက်လာတာလို့ ပြောပါတယ်။ “ကျမထင်တာက ကျမကို သူ့အိမ်ခေါ်လာတယ်လို့ ထင်တာပေါ့်။ ဒါပေမယ့် တကယ်က ကျမကို ဧည့်ရိပ်သာကို လွှဲပေးခဲ့တာ” လို့ ပြောပါတယ်။ ရဲက ဧည့်ရိပ်သာပိုင်ရှင်ကိုလည်း ဖမ်းဆီးထားပါတယ်။
6 years Ago
Up