ဗီယက်နမ်တွင် ခရီးသည်တင်ဘတ်စ်ကား ၂ စီးတိုက်ပြီး မီးလောင်၊ ၁၃ ဦးသေဆုံး

A d v e r t i s e m e n t With Us

May 23, 2016

ဗီယက်နမ်တွင် ခရီးသည်တင်ဘတ်စ်ကား ၂ စီးတိုက်ပြီး မီးလောင်၊ ၁၃ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ မေလ ၂၂ ရက်နေ့က ခရီးသည်တင်ဘတ်စ်ကား ၂ စီး တိုက်မိပြီး မီးလောင်ကျွမ်းမှုမှာ လူ ၁၃ ဦး သေဆုံးသွားပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်နေတဲ့ ဘတ်စ်ကားထဲက ခရီးသည်တွေကို ဒေသခံတွေက ဘတ်စ်ကား ပြတင်းမှန်တွေခွဲပြီး ကယ်ထုတ်ခဲ့ကြရတယ်လို့ ဒေသခံ သတင်းတွေက ဆိုပါတယ်။ ခရီးသည်တွေ အိပ်မောကျနေချိန်မှာ ဘတ်စ်ကားတိုက်မှုဖြစ်ခဲ့ပြီး လူ ၄၅ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းနေပြီး ဘတ်စ်ကားယာဉ်မောင်းတဦးကို ရဲတွေက စုံစမ်းသိရှိထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up