ဗီဒယ်

A d v e r t i s e m e n t With Us

September 23, 2020

ဘာစီလိုနာကွင်းလယ်လူဗီဒယ် အင်တာမီလန်အသင်းထံ ယူရို ၁ သန်းဖြင့် ပြောင်းရွှေ့

ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ဟာ ဘာစီလိုနာအသင်းကနေ အင်တာမီလန်အသင်းကို ယူရို ၁ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး ၅ နှစ်အကြာမှာ အီတလီမြေကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဗီဒယ်ဟာ အင်တာအသင်းနဲ့ ၂၀၂၂  ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီစာချုပ်မှာ နောက်တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ အင်တာအသင်းမှာ တစ်နှစ်ကို ယူရို ၆ သန်း ရရှိမှာဖြစ်ပြီး စီရီးအေမှာ ဂျူဗင်တပ်စ်အသင်း ကြီးစိုးနေမှုကို ဖယ်ရှားဖို့အတွက် နည်းပြကွန်တီနဲ့ လက်တွဲသွားမှာ ဖြစ်ပါတယ်။ ဗီဒယ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အင်တာမီလန် အသင်းက မနေ့က တရားဝင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ “ဗီဒယ်ဟာ အင်တာမီလန်အသင်းရဲ့ တရားဝင်ကစားသမား ဖြစ်ပါပြီ။ ချီလီ ကစားသမားဟာ အသင်းကို အပြီးသတ်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူဟာ အင်တာမီလန်အသင်းမှာ ကစားတဲ့ ၆ ဦးမြောက်‌ ချီလီကစားသမား ဖြစ်ခဲ့ပါပြီ”လို့ ရေးသားထားပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း ဗီဒယ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုပေးထားပြီး အသင်းသစ်မှာ အဆင်ပြေစေဖို့ ဆုတောင်းပေးထားပါတယ်။ ဗီဒယ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗီဒယ်ဟာ ဂျူဗီအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်ကြာ ကစားကာ ၂၀၁၈ မှာ ဘာစီလိုအသင်းကို ပေါင် ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဗီဒယ်ရဲ့ ဘာစီလိုနာ ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေဟာ အောင်မြင်မှုရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်း ဘာစီလိုနာအသင်းရဲ့ ခြေစွမ်း ကျဆင်းမှုတွေကြောင့် အသင်းကို ပြုပြင်ပြောင်းလဲမှုမှာ အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဗီဒယ် မတိုင်ခင် ဘာစီလိုနာ ကစားသမားတွေ ဖြစ်တဲ့ ရာကီတစ်၊ အာသာ၊ ပီရတ်ဇ်နဲ့ ကူကာရီလာတို့ အသင်းကနေ ထွက်ခွာခဲ့ပြီး ဆီမီဒိုနဲ့ ဆွာရတ်တို့ဟာလည်း အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။
5 months Ago

September 13, 2020

ဘာစီလိုနာက ဆွာရက်ဇ်နှင့်ဗီဒယ်တို့ ရောင်းချခံရဖွယ်ရှိ

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးဆွာရက်ဇ်နဲ့ ကွင်းလယ်လူ ဗီဒယ်တို့ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။  မနေ့ညက ကစားခဲ့တဲ့ ဂျင်နက်စတစ်နဲ့ ခြေစမ်းပွဲကစားခဲ့တဲ့ လူစာရင်းမှာ ဆွာရက်ဇ်နဲ့ ဗီဒယ်တို့ကို နည်းပြကိုးမန်းက ချန်လှပ်ခဲ့တာပါ။  အဲဒီခြေစမ်းပွဲမှာ မက်ဆီက အသင်းခေါင်းဆောင်အဖြစ် ဆက်လက် ပွဲထွက်ကစားခဲ့ပြီး ဒမ်ဘီလီ၊ ဂရစ်မန်းနဲ့ ကော်တင်ဟိုတို့ရဲ့ ဂိုးတွေနဲ့  ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ပါတယ်။  ဆွာရက်ဇ်ဟာ ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့ဖို့ ပေါင် ၉ သန်းနဲ့ အကြိုသဘောတူညီမှု ရရှိ ထားတယ်လို့ သတင်းထွက်နေတာပါ။  ကွင်းလယ်လူ ဗီဒယ်ဟာလည်း အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းအနေနဲ့ အဲဒီကစားသမား ၂ ဦးကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် ခြေစမ်းပွဲမှာ အသုံးမပြုခဲ့ဘဲ လူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြခဲ့ ကြပါတယ်။ 
6 months Ago
More News
Up