ဗီဒယ်

August 7, 2018

မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲကစားရမည်ကို စိတ်လှုပ်ရှားမိဟု ဗီဒယ် ပြော

မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ တွဲဖက်ကစားရမှာကို စိတ်လှုပ်ရှားမိတယ်လို့ ဘာစီလိုနာ ကစားသမားသစ် ဗီဒယ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား ဗီဒယ်ကို ဘာစီလိုနာအသင်းက ပေါင် ၂၇ သန်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူခဲ့တာပါ။ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရတာဟာ မိမိရဲ့အိပ်မက် အမှန်တကယ် ဖြစ်လာတာဖြစ်ပြီး ရည်မှန်းချက်တွေ အောင်မြင်မှုရအောင် လုပ်ဆောင်မယ်လို့ ဗီဒယ်က ဆိုပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ ဘက်စ်ကွက်တို့လို ထိပ်တန်းကစားသမားတွေနဲ့ အတူတွဲကစားရမယ့် အပေါ်မှာ စိတ်လှုပ်ရှားမိပြီး ဆုဖလားအားလုံးကို အရယူသွားမယ်လို့ ဗီဒယ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အင်နီယေစတာနဲ့ ပေါ်လင်ဟိုတို့ ထွက်ခွာသွားတာကြောင့် ဗီဒယ်ကို အစားထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
3 years Ago

July 28, 2017

ကွင်းလယ်လူ ဗီဒယ် အသင်းကို စွန့်ခွာမည်မဟုတ်ဟု ဘိုင်ယန်နည်းပြ ပြော

ကွင်းလယ်ကစားသမား ဗီဒယ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ နည်းပြ အန်စလော့တီက ပြောပါတယ်။ ချီလီကွင်းလယ်လူ ဗီဒယ်ဟာ အီတလီကလပ် အင်တာမီလန်ကို ပြောင်းရွှေ့တော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ ဘိုင်ယန်နည်းပြ အန်စလော့တီကတော့ ဗီဒယ်နဲ့ပတ်သက်တဲ့ သတင်းတွေက လုံးဝမှားယွင်းပြီး သူ့အနေနဲ့ အင်တာနည်းပြ စပယ်လက်တီနဲ့ စကားပြောပြီးပြီလို့ ဆိုပါတယ်။ ဘွန်ဒတ်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိချန်ပီယံ သရဖူကို ကာကွယ်နိုင်ဖို့အတွက် ကစားသမားသစ်တွေအဖြစ် ပြင်သစ်နောက်တန်းကစားသမား တိုလစ်ဆိုနဲ့ ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို ခေါ်ယူထားပါတယ်။ လက်ရှိလူစာရင်းဟာ အသင်းရဲ့ဟန်ချက်ကို ထိန်းနိုင်တဲ့အတွက် လာမယ့်ရာသီသစ်ကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဘိုင်ယန်အသင်းဟာ ရာသီအကြို ခြေစွမ်းပွဲတွေမှာ အာဆင်နယ်၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ကို ရှုံးထားပြီး ချဲလ်ဆီးတသင်းကိုပဲ အနိုင်ရထားပါတယ်။
4 years Ago
Up