ဗီဒစ်

April 11, 2022

မက်ဂွဲယားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ရန် နောက်ခံလူဟောင်း ဗီဒစ် အကြုံပြု

နောက်ခံလူ မက်ဂွိုင်းယားဟာ ဖိအားများနေတာကြောင့် ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်ကြောင်း မန်ယူနောက်ခံလူဟောင်း ဗီဒစ်က အကြံပြုသွားပါတယ်။ 

မက်ဂွိုင်ယားဟာ အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိ နဲ့ရူံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားအယွင်းတွေရှိခဲ့ပြီး စွမ်းဆောင်ရည်ကျဆင်းနေမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံနေရတာပါ။ 

ဒီလို ဖိအားများတဲ့အချိန်မှာ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်ပြီး အနိုင်ရဖို့လွယ်ကူနိုင်တဲ့ ပွဲစဉ်တွေမှာပဲ အသုံးပြုသင့်တယ်လို့ ဗီဒစ်က ပြောပါတယ်။ 

“ကစားတိုင်းမှာ သူတို့ရဲ့ ခြေစွမ်းအကောင်းဆုံး မဖြစ်တဲ့ချိန်ဆိုတာ ရှိတတ်ပါတယ်။ ကျနော့်တုန်းက လည်း ကြုံခဲ့ဖူးတယ်။ မက်ဂွိုင်းယားဟာလည်း ဒီရာသီမှာ သူ့ရဲ့အကောင်းဆုံးပုံစံမရသေးတာက ရှင်းပါတယ်။ အမှားတွေဖြစ်စေဖို့ လူတွေကစောင့်ကြည့်နေကြတာကြောင့် ဖိအားတွေအောက်မှာ ကစားရတာက မလွယ်ကူပါဘူး” လို့ ဗီဒစ်ကပြောပါတယ်။ 

ဆားဘီးယား နောက်ခံလူဟောင်း ဗီဒစ်ဟာ မန်ယူအသင်းမှာ ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့ပြီး ဖာဒီနန်နဲ့အတူ ဗဟိုခံစစ်မှာ အတွဲညီညီ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ 

4 months Ago

March 23, 2020

ဗီဒစ်နှင့် ဗန်ဒိုက်ကို ဖာဒီနန် ချီးကျူး

မန်ယူနောက်ခံလူဟောင်း ဗီဒစ်နဲ့  လီဗာပူးနောက်ခံလူ ဗန်ဒိုက်တို့ နှစ်ဦးစလုံးကို သဘောကျ တယ်လို့ ဖာဒီနန်က ပြောပါတယ်။  မန်ယူအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဗီဒစ်ဟာ ဖာဒီနန်နဲ့ အတူတွဲဖက်ပြီး မန်ယူနောက်တန်းကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာပါ။  ဗီဒစ်ဟာ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။ နောက်ခံလူဟောင်း ဗီဒစ်နဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်တို့ရဲ့ခြေစွမ်းကို  နှိုင်းယှဉ်သုံးသပ်မှုတွေလည်း ရှိ နေတာပါ။ ဖာဒီနန်ကတော့ အသင်းဖော်ဟောင်းဖြစ်သူ ဗီဒစ်ကို ရွေးချယ်လိုပေမယ့်လည်း ဗန်ဒိုက်နဲ့လည်း အတူတွဲဖက်ကစားချင်ပြီး ဗန်ဒိုက်က လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူ ဖြစ်သလို သူ့ရဲ့ခြေစွမ်းကိုလည်း သဘောကျတယ်လို့ ဖာဒီနန်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ 
2 years Ago
Up