ဗိဿနိုးကာကွယ်ရေးတပ်

September 9, 2021

နတ်မောက်တွင် စစ်တပ်ကိုဆက်သွယ်ထားသည့် ဓာတ်အားခွဲရုံကို ဗိဿနိုးကာကွယ်ရေးတပ် ဖျက်ဆီး (ရုပ်သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက အာဏာသိမ်းစစ်ကောင်စီတပ်တွေကို သွယ်တန်းပေးထားတဲ့ 33 KVA ဓာတ်အားခွဲရုံကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်က ဝင်ရောက်ဖျက်ဆီးလိုက်ပါတယ်။

ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ခံက “ပင်မဆက်သွယ်ရေးတပ်အမှတ် ၂ နဲ့ ရွာမွန်ပင်မစစ်လက်နှက်သိုလှောင်ရေးတပ်ရင်းကို လျှပ်စစ်ဓာတ်အားပေးတဲ့ နတ်မောက်မြို့နယ် နတ်မောက်ရွာမွန်လမ်းမပေါ်က ဒန့်သလွန်ပင်ကျေးရွာအနီးမှာရှိတဲ့  33 KVA ဓာတ်အားခွဲရုံအတွင်းက စက်ပစ္စည်းတွေကို ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်။ အသေးစိတ်ကို နောက်ထုတ်ပြန်ပေးမယ်” လို့ ပြောပါတယ်။

အခုလိုဖျက်ဆီးလိုက်တဲ့အတွက် ပင်မဆက်သွယ်ရေးတပ်အမှတ် ၂ နဲ့ ရွာမွန် ပင်မစစ်လက်နှက်သိုလှောင်ရေးတပ်ရင်းတွေမှာ မီးတွေပျက်သွားပြီး စက်ရုံလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ အဆိုပါတပ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

2 months Ago
Up