ဗိုလ်မှူးချုပ်စောပလေ့

August 10, 2021

ကေအန်ယူတပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ (၁) ဒူးသထူခရိုင်တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ဟာ ဩဂုတ် ၁၀ ရက်  ဒီမနက် အစောပိုင်းက ကွယ်လွန်သွားတယ်လို့  ကေအန်ယူသတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးချုပ် စောပလေ့ဟာ ကျန်းမာရေးယိုယွင်းလာကာ မွန်ပြည်နယ်၊ သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှာ ဒီမနက် ၄ နာရီလောက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး   ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် စောပလေ့ဟာ ကေအန်ယူ ဗဟိုကော်မီတီရဲ့ အမြဲတမ်းကော်မီတီဝင်တဦးဖြစ်သလို တပ်မဟာ (၁) ရဲ့  တပ်မဟာမှူးအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

သူရဲ့ ဈာပနအခမ်းအနားကို  ဩဂုတ် ၁၁ ရက်နေ့ တပ်မဟာ (၁) မှာပဲ  ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ 

4 months Ago
Up