ဗိုလ်ချုပ် စိုးတင့်နိုင်

March 26, 2020

ဗိုလ်ချုပ် စိုးတင့်နိုင်ကို ပြည်ထဲရေးဒုဝန်ကြီးအဖြစ်ခန့်အပ် 

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်တဲ့ အကြောင်း သမ္မတရုံးက မတ်လ ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။  မူလစစ်ဘက်တာဝန်ပြန်ထမ်းဆောင်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူရဲ့ နေရာမှာ ဗိုလ်ချုပ်စိုးတင့်နိုင်ကို အစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကိုလည်း ဝန်ကြီးတာဝန်ကနေ နားပြီး မူလစစ်ဘက်တာဝန်တွေ ပြန်ပြီး ထမ်းဆောင်စေခဲ့ပါတယ်သေးတယ်။ အဲဒီနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးဖို့ ဖေဖော်ဝါရီ ၆ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ကန့်ကွက်သူမရှိတဲ့အတွက် ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတက အမိန့်ထုတ် ခန့်အပ်ခဲ့ပါတယ်။  
2 years Ago
Up