ဗိုလ်ချုပ်ရုပ်ရှင်

A d v e r t i s e m e n t With Us

December 15, 2019

ဗိုလ်ချုပ်ရုပ်ရှင် ၅၀ ရာခိုင်နှုန်း ရိုက်ကူးပြီးဟု လူမင်း ပြော

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမှု ၅၀ရာခိုင်နှုန်း ပြီးစီးပြီလို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ပြန်လည်ပုံဖော်ထားတဲ့ အောင်ဆန်းရုပ်ရှင်ကို ဒီနှစ် စက်တင်ဘာလကုန်ပိုင်းက စတင်ရိုက်ကူးခဲ့ကြတာပါ။  ဇာတ်ဝင်ခန်းစုစုပေါင်း ၁၁၇ ခန်း ပါဝင်ပြီး ၃ လအတွင်းမှာပဲ ဇာတ်ဝင်ခန်း  ၅၃ ခန်း ရိုက်ကူးပြီး ဖြစ်တာကြောင့် ရုပ်ရှင်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ရိုက်ကူးပြီဖြစ်တယ်လို့ ဒါရိုက်တာ လူမင်း ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပေါ်ထွက်လာဖို့ ၂၀၁၂ ခုနှစ်လောက်ကထဲက စတင်ပြင်ဆင်နေတာ ဖြစ်တဲ့အပြင် ၇ နှစ်လောက် အချိန်ယူထားပြီးဖြစ်လို့ ရုပ်ရှင်ကို သမိုင်းတွင်မယ့်ဇာတ်ကားဖြစ်အောင် ရိုက်ကူးထုတ်လုပ်ပေးဖို့နဲ့ လုပ်ငန်းအစီအစဉ်တွေ သေချာရေးဆွဲ လုပ်ဆောင်ဖို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အသိပေး ပြောကြားထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ပါဝင်တဲ့ ဗိုလ်နေဝင်း နေရာမှာလည်း အရင်က သရုပ်ဆောင်နိုင်းနိုင်းက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သရုပ်ဆောင် အောင်မင်းခန့်ကို ပြောင်းလဲခဲ့ရတယ်လို့ ဒါရိုက်တာလူမင်းက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ ပြသနိုင်အောင် ကြိုးစားနေပေမယ့် ကွန်ပျူတာအထူးပြုလုပ်ချက်တွေ များနေတာဖြစ်လို့ ရိုက်ကူးတည်းဖြတ်မယ့်အပေါ်  မူတည်တယ်လို့ သိရပါတယ်။ သင်းသင်းဇော်
1 year Ago
Up