ဗိုလ်ချုပ်မှူးကြီးခန့်အပ်

A d v e r t i s e m e n t With Us

February 1, 2021

ပြည်ထောင်စု ဝန်ကြီးသစ်များ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ခန့်အပ်

DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးသစ် ၁၁ ဦးကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်လိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်ညမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ကြေညာပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်၊  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ဦးကိုကိုနိုင်၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးချစ်နိုင်၊ ကျန်းမာရေးဝန်ကြီးအဖြစ်  ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမားလူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ်   ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ်  ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးအဖြစ် ဦးဝင်းရှိန်၊   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး အဖြစ် ဦးအောင်နိုင်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဦးကိုကို တို့ကို ခန့်အပ်လိုက်တာပါ။ 

ဒါ့အပြင်  အန်အယ်လ်ဒီ အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်တင်၊ ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ဦးအောင်လှထွန်း၊  ဦးလှကျော်၊ ဒေါက်တာထွန်းနိုင်၊ ဦးခင်မောင်ဝင်းနဲ့ ဦးအောင်ထူး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာမြလေးစိန်၊ ဦးကျော်လင်း၊ ဦးစိုးအောင်  စသူတို့အပါအဝင်  ၂၄ ဦးကို   တာဝန်က ရပ်စဲလိုက်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး အမိန့်နဲ့ ထုတ်ပြန်ပါတယ်။  

မြန်မာတပ်မတော်က အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအ၀င် အစိုးရအဖွဲ့၀င်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အခုလို ဝန်ကြီးသစ်တွေ ခန့်အပ်လိုက်တာပါ။

4 weeks Ago
Up