ဗိုလ်ချုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေဖြန့်ချိ

A d v e r t i s e m e n t With Us

January 7, 2020

ဗိုလ်ချုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေဖြန့်ချိ

နေပြည်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေကို အများပြည်သူတွေထံကို မြန်မာ့စီးပွားရေးဘဏ်မှာ ဒီနေ့ထုတ်ဝေဖြန့်ချိ လဲလှယ်ပေးနေပြီဖြစ်ပါတယ်။ အခုလို လဲလှယ်ပေးတာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မြန်မာ့ စီးပွားရေးဘဏ် တွေမှာ လဲလှယ်ပေးနေပါတယ်။ "ကျမ လဲဖို့ အရွက်ရေ တင်တာပြတာ။ ဖောင်ဖြည့်တာပေါ့။ အဲ့မှာတော့ ၂ သောင်းဖိုး အရွက် ၂၀ ပေါ့၊ ဒါပေမယ့် ၅ ရွက်ပဲ လဲပေးတယ်" လို့ လာရောက်လဲလှယ်သူ ဝန်ထမ်းတဦးက ပြောပါတယ်။ နေပြည်တော် စီးပွားရေးဘဏ်မှာတော့ အများပြည်သူတွေ လက်ထဲရောက်ရှိနိုင်ဖို့အတွက် ကန့်သတ်ရွက်ရေနဲ့ လဲလှယ်ပေးတာကို တွေ့ရပါတယ်။
1 year Ago
Up