ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်

June 25, 2018

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် လှူဒါန်းငွေပေါင်း ကျပ် ၁၂၄၉၇ သိန်းရရှိ

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းရိုက်ကူးမယ့်  အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ပြည်သူလူထုထံက လှူဒါန်းတဲ့ငွေ စုစုပေါင်း ကျပ် ၁၂၄၉၇သိန်း ရရှိထားပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် အရသိရပါတယ်။ အောင်ဆန်းရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေးအတွက် အလှူရှင် ကြယ်စင်နန်းတော် စိန်ရွှေရတနာရောင်းဝယ်ရေးလုပ်ငန်းက ငွေကျပ် ၅ဝဝဝဝဝဝ၊ ရှမ်းပျိုမယ်ဆေးတိုက်မိသားစု လုပ်ငန်းက ငွေကျပ် ၅ဝဝဝဝဝဝနဲ့ သိန်းသန်း ရတနာဆိုင် မန္တလေးမြို့က ငွေကျပ် ၂၅ဝဝဝဝဝ စုစုပေါင်း ကျပ် ၁၂၅သိန်းပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထပ်မံလာရောက် လှူဒါန်းခဲ့တာလို့ဆိုပါတယ်။ အလှူငွေတွေကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုက လက်ခံရယူခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသနိုင်ရေးအတွက် လှူဒါန်းရရှိငွေအနေနဲ့  ယခင်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းငွေကျပ် ၈၄၇၂ သိန်း၊ ပထမအကြိမ်လှူဒါန်းရရှိငွေကျပ် ၂၇၆ဝသိန်း၊ ဒုတိယအကြိမ်လှူဒါန်းရရှိငွေကျပ် ၁၁၄ဝ သိန်းနဲ့ ယခုလှူဒါန်းရရှိငွေကျပ် ၁၂၅သိန်း စုစုပေါင်းလှူဒါန်းရရှိငွေမှာကျပ် ၁၂၄၉၇သိန်း ရရှိပြီဖြစ်တယ်လို့ ၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
3 years Ago

April 21, 2018

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် အလှူငွေများလှူဒါန်း

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် အလှူငွေပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို မနေ့ညနေပိုင်းက သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမမှာ ကျင်းပပြုလုပ်သည်။ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ သုဓမ္မမဏိဇောတဓရ ဦးလီကျိန်းချန် (ခ) ဦးလျှိုအားပေါက်က လှူဒါန်းငွေကျပ်သိန်း ၃၀၀နဲ့ သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်က လှူဒါန်းငွေကျပ် သိန်း ၁၀၀ စီ လှူဒါန်းခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသနိုင်ရေးအတွက် လှူဒါန်းရရှိငွေဟာ ယခင်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းငွေ ၈၄၇၂သိန်း၊ ပထမအကြိမ် လှူဒါန်းရရှိငွေကျပ် ၂၇၀၅ သိန်းနဲ့ အခုလှူဒါန်းငွေကျပ် သိန်း ၄၀၀ စုစုပေါင်း ကျပ် ၁၁၅၇၇ သိန်း ရရှိပြီလို့ ဆိုပါတယ်။
3 years Ago
Up