ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

February 7, 2018

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပွဲစဉ်များ မဲခွဲ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်တွေ မဲနှိုက်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၆ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ အသင်းစုစုပေါင်း ၁၉ သင်းပါဝင်ပြီး ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲရောက်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့က ကွာတားဖိုင်နယ်ရောက်မှ စတင်ကစားရမှာပါ။ ပထမအဆင့်ပွဲစဉ် ၆ ပွဲကို လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒုတိယအဆင့်ပွဲစဉ်တွေကိုတော့ လာမယ့် မေလ ၃၀ နဲ့ ဇွန်လ ၆ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပထမအဆင့်ပွဲစဉ်တွေအဖြစ် GFA နဲ့ Silver Star၊ တက္ကသိုလ်လက်ရွေးစင်နဲ့ ရွိုင်ရယ်သန်လျင်၊ ကချင်ယူနိုက်တက်နဲ့ ဒဂုံအက်ဖ်စီ၊ စစ်ကိုင်းယူနိုက်တက်နဲ့ မြဝတီ၊ ဟံသာဝတီနဲ့ ဇွဲကပင်၊ Mountain Lion နဲ့ မောရဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
3 years Ago

April 25, 2017

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပွဲစဉ် မဲခွဲအခမ်းအနား ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်မဲခွဲတဲ့ အခမ်းအနားကို ဧပြီ ၂၄ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ မြန်မာလိဂ်ကလပ် ၁၂ သင်းနဲ့ လိဂ်၂ ကလပ် ၁၁ သင်း၊ စုစုပေါင်း ၂၃ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ပထမအဆင့်ပြိုင်ပွဲမှာ လိဂ်-၂ ကလပ်အသင်း ၁၁ သင်းနဲ့ နေပြည်တော်အသင်းတို့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး တခြား လိဂ်-၁ ကလပ်တွေက ၁၆ သင်းအဆင့် ရောက်မှ စတင်ယှဉ်ပြိုင်ရမှာပါ။ ပထမအဆင့်ပွဲစဉ် ၆ ပွဲကို လာမယ့်မေလ ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဖုန်ဂန်နဲ့ GFA၊ Silver Star နဲ့City Star၊ Phoenix နဲ့ မောရဝတီ၊ မြဝတီနဲ့ စီးတီးရန်ကုန်၊ နေပြည်တော်နဲ့ ဒဂုံအက်ဖ်စီ၊ မဟာယူနိုက်တက်နဲ့ တက္ကသိုလ်လက်ရွေးစင်အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်မယ့် အသင်း ၄ ကို ဆုကြေးကျပ် ၇၅ သိန်းစီ ချီးမြှင့်မှာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းကို ကျပ်သိန်း ၃၀၀ ဒုတိယရတဲ့ အသင်းကို ကျပ်သိန်း ၁၅၀ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
4 years Ago
Up