ဗိုလိုဒီမာဇီလန်စကီ

October 9, 2020

ယူကရိန်းသမ္မတကို ရာနှုန်းပြည့်ထောက်ခံဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီကို ရာနှုန်းပြည့် ထောက်ခံတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။  ဗြိတိန်ကိုလာရောက်တဲ့  ယူကရိန်းသမ္မတ ဇီလန်စကီကို ဒေါင်းနင်းလမ်းနေအိမ်မှာ ဝန်ကြီးချုပ် ဂျွန်ဆင်က ကြိုဆိုခဲ့ပါတယ်။  ဗြိတိန်အနေနဲ့ ယူကရိန်းကို ပေးထားတဲ့ ကတိကဝတ်ဟာ အလွန်ခိုင်မာတယ်လို့ ဂျွန်ဆင်က ဇီလန်စကီကို ပြောဆိုခဲ့ပါတယ်။  ဒါ့အပြင် ဗြိတိန်-ယူကရိန်း ဗျူဟာမြောက် မိတ်ဖက်ဖြစ်မှု သဘောတူညီချက်ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ကြိုဆိုခဲ့ပါတယ်။   အဲဒီထဲမှာ အီးယူကနေ ဗြိတိန် နုတ်ထွက်ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်ရေး သဘော တူညီချက်တွေ ချုပ်ဆိုဖို့ ပါဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
7 months Ago
Up