ဗိုင်းရပ်စ်သံသယ

May 23, 2020

ဗိုင်းရပ်စ်သံသယကြောင့် ကန်တေကို ရာသီကုန်အထိ ချဲလ်ဆီး လက်လွှတ်ရဖွယ်ရှိ

ချဲလ်ဆီးအသင်းဟာ ဗိုင်းရပ်စ်သံသယရှိနေတဲ့ ကွင်းလယ်လူကန်တေကို အိမ်ပြန်ပို့လိုက်ပြီလို့ သတင်းထွက်ပေါ်နေပါတယ်။  ကန်တေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းလေ့ကျင့်ရေးကွင်းမှာ လာရောက်လေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကန်တေရဲ့ အစ်ကိုဖြစ်သူဟာ နှလုံးထိခိုက်မှုကြောင့် ကွယ်လွန်ခဲ့ပြီး ကန်တေကိုလည်း အိမ်ပြန်ဖို့ခွင့်ပေးလိုက်ပြီး သူ ကစားချင်တဲ့အချိန်မှ လာရောက်ဖို့ ပြောထားတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။  အမျိုးသားအချက်အလက်ဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်အရ လူမည်းအမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လူဖြူတွေထက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ပိုများတယ်လို့ သိရပါတယ်။  ချဲလ်ဆီးအသင်းကတော့ ကန်တေကို စွန့်စားပြီး အသုံးမပြုလိုတာကြောင့် ဗုဒ္ဓဟူးနေ့က အိမ်ပြန်ခိုင်းလိုက်ပြီး ရာသီကုန်အထိ ကစားခွင့်ပေးဖို့ မရှိဘူးလို့လည်း သတင်းထွက်ပေါ်နေပါတယ်။  အသက် ၂၉ နှစ်ရှိ ပြင်သစ်လက်ရွေးစင်ကန်တေဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၈ ပွဲကစားထားပြီး ၃ ဂိုး သွင်းထားပါတယ်။
1 year Ago

May 16, 2020

ဗိုင်းရပ်စ်သံသယရှိ ဝါဒါဘရီမင် ကစားသမား ၁ ဦးကို ၂ ပတ်ကြာ စောင့်ကြည့်မည်

ဘွန်ဒက်စ်လီဂါကလပ် ဝါဒါဘရီမင် ကစားသမားတဦးဟာ ဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့မှု ရှိတာကြောင့် ၂ ပတ်ကြာ သီးသန့်နေထိုင်နေရပါတယ်။  ဘွန်ဒက်စ်လီဂါပြိုင်ပွဲပြန်လည်စတင်ဖို့ အနီးကပ်ဆုံးအချိန်မှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာခဲ့တာပါ။ အဲဒီကစားသမားကို  ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာမှာတော့ ပိုးတွေ့ရှိခြင်းမရှိခဲ့ ဘူးလို့ သိရပါတယ်။ ဒါပေမယ့် လက္ခဏာမပြနိုင်သေးတာဖြစ်နိုင်လို့ ၁၄ ရက် သီးသန့်နေဖို့ အသင်းက သတ်မှတ်ခဲ့ပါတယ်။  ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်ကို ဒီကနေ့ စတင်တော့မှာဖြစ်ပြီး ဝါဒါဘရီမင်အသင်းက တနင်္လာနေ့မနက်ပိုင်းမှာ လီဗာကူဆင်နဲ့ ယှဉ်ပြိုင်ရမှာပါ။  ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းရဲ့ ကစားသမား ၂ ဦးနဲ့ အသင်းဝန်ထမ်း ၁ ဦးမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပျောက်ကင်းသွားခဲ့ပြီလို့ သိရပါတယ်။
1 year Ago
Up