ဗိုင်းရပ်စ်ပိုးတွေ့သူ သုံးဦး

January 24, 2020

စင်ကာပူတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးတွေ့သူ ၃ ဦးထိရှိလာ

စင်ကာပူနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ပိုးတွေ့သူ နောက်ထပ် နှစ်ဦးကို အတည်ပြုပြီးနောက် စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့သူ သုံးဦးထိ ရှိသွားပြီလို့  ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။  ပထမဆုံး ပိုးတွေ့လူနာဟာ စင်ကာပူကို လာရောက်လည်ပတ်တဲ့ ဝူဟန်မြို့က အသက် ၆၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လောလောဆယ် သူ့အခြေအနေဟာ  တည်ငြိမ်တယ်လို့ စင်ကာပူ အထွေထွေရောဂါကုဆေးရုံ (SGH)က ပြောကြားပါတယ်။  သူနဲ့အတူ အလည်လိုက်လာတဲ့ အသက် ၃၇ နှစ်အရွယ် သားဖြစ်သူမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရပြီး သူ့အခြေအနေဟာလည်း ပုံမှန်ဖြစ်တယ်လို့ သိရပါတယ်။  အဲဒီနောက် သူတို့နှစ်ဦးနဲ့ သီးခြားစီလာတဲ့ ဝူဟန်မြို့က အသက် ၅၃ နှစ်အရွယ် ခရီးသွား အမျိုးသမီးမှာလည်း ပိုးတွေ့ရှိရပါတယ်။  အဲဒီအမျိုးသမီးကိုတော့ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာမှာ စောင့်ကြည့်နေပြီး သူ့ အခြေ အနေကလည်း တည်ငြိမ်တယ်လို့ ထိန်းချုပ်ရေးစင်တာက ပြောကြားပါတယ်။  စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိသူ စုစုပေါင်း ၄၄ ယောက် ရှိပြီး ၃ ယောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။   
2 years Ago
Up