တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မေလ ၁၆ ရက်က ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးတာကို အုံနဲ့ကျင်းနဲ့ လုပ်နေတာမို့ ဗိုင်းရပ်စ်ကူးစက်မှာကို လာရောက်အစစ်ခံတဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လေဟာပြင် စစ်ဆေးရေးနေရာတွေမှာ ဒေသခံတွေ လာရောက် စုဝေးကြတာမို့ ဝူဟန် ဒေသခံတွေကြား ဘေးကင်းရေးအတွက် စိုးရိမ်နေကြတာပါ။
ရောဂါလက္ခဏာ မပြတဲ့ ထပ်မံ ကူးစက်မှုအသစ်တွေကြောင့် ဝူဟန်မြို့ တာဝန်ရှိသူတွေက လက္ခဏာ မပြတဲ့ ပိုးသယ်ဆောင်သူတွေကို တမြို့လုံးအနှံ့ ရှာဖွေရေး လုပ်ဆောင်နေတာပါ။
မြို့လူဦးရေ ၁၁ သန်း လုံးကို စစ်ဆေးမယ့် လှုပ်ရှားမှုကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြတာလို့ ပညာရှင်တချို့က ပြောပါတယ်။
တချို့ကတော့ ဒါဟာ ကုန်ကျစရိတ် အလွန်များပြီး ထိရောက်ပါ့မလားဆိုတာ မေးခွန်း ထုတ်ကြပါတယ်။
မေလ ၁၇ ရက်အထိ တရုတ်နိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရစ် ကူးစက်သူ ၈၂၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၆၃၃ ယောက် ရှိတယ်လို့ သိရပါတယ်။
11 months Ago