ဗိုက်သားဖော်ကသည့်

June 16, 2018

ဗိုက်သားဖော်ကသည့် ဗွီဒီယိုဖိုင်ကြောင့် အမျိုးသမီးတဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံရ (ရုပ်သံ)

Crop Top အဝတ်အစားနဲ့ ကနေတဲ့ ဗွီဒီယိုဖိုင်ကို Instagram ပေါ်တင်ခဲ့တဲ့ မွတ်စလင်အမျိုးသမီးတဦးဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Daily Mail သတင်းမှာဖော်ပြပါတယ်။ ဘလော့ဂါတဦးဖြစ်တဲ့ မဒီနာဘာဆေဘာဟာ ဗိုက်သားအနည်းငယ်ပေါ်တဲ့ အဝါရောင်ဝတ်စုံနဲ့ ကနေတဲ့ ဗွီဒီယိုကို လူမှုကွန်ရက်ပေါ်ကို တင်ခဲ့တာပါ။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ နေထိုင်တဲ့သူမဟာ Tadzhiki နွယ်ဝင်ဖြစ်ပြီး ၁၃ စက္ကန့်ကြာ ဗွီဒီယိုကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ ဗွီဒီယိုဖိုင်မှာ သူမဟာ အဝါရောင်အစင်းကြောင်းတွေနဲ့ ဗိုက်သားပေါ်တဲ့ အင်္ကျီနဲ့ ဆင်တူ ဘောင်းဘီတိုကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး အထူးသဖြင့် ရှေးရိုးဆွဲ မွတ်စလင် အသိုင်းအဝိုင်းက သူမကို အဆိုးမြင်တဲ့ မှတ်ချက်ပေးမှုတွေနဲ့အတူ သူမရဲ့ ကိုယ်ကျင့်တရားကို မေးခွန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။ “ကျော်ကြားမှုနောက်ကိုလိုက်ရင်း စောင့်ထိန်းသင့်တာကို မမေ့သင့်ကြောင်းနဲ့ ဗိုက်သားအနည်းငယ်ဖော်ပြထားမှုအတွက် ကြီးမားတဲ့ ပေးဆပ်မှုမျိုး ရှိလာလိမ့်မယ်” လို့ လူမှုကွန်ရက်အသုံးပြုသူတဦးက သူမကို ကြိမ်းမောင်းခဲ့ပြီး “ဒီအမျိုးသမီး မသေသေးဘူးလား” လို့လည်း အခြားတယောက်က ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် နောက်တဦးကလည်း “မင်းသေလိမ့်မယ်” ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။ “အဝတ်အစား လုံလုံခြုံခြုံ ဝတ်ထားလဲ ရှင်တို့က ကြိုက်မှာမဟုတ်သလို၊ ဘာမှမဝတ်ထားလည်း ရှင်တို့သဘောကျမှာမဟုတ်ဘူး။ ရှင်တို့ တဦးစီတိုင်း သဘောကျလိုက်နေဖို့ကလည်း ဘယ်လိုမှမဖြစ်နိင်ပါဘူး” လို့ ဘလော့ဂါအမျိုးသမီးဘက်ကလည်း ပြန်လည်ချေပထားပါတယ်။ ဒါပေမယ့် သူမက ဒီခြိမ်းခြောက်မှုတွေအတွက် ရဲတပ်ဖွဲ့မှာ တိုက်ချက်ဖွင့်မဖွင့်ကိုတော့ အခုထိ မသိရသေးပါဘူး။
3 years Ago
Up