ဗိသုကာပွဲတော်

May 9, 2018

မြောက်ကိုရီးယားတွင် ၁၈ ကြိမ်မြောက် ဗိသုကာပွဲတော် ဖွင့်လှစ်ပြသ

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ မေလ ၇ ရက်နေ့က ၁၈ ကြိမ်မြောက် ဗိသုကာပွဲတော်ကို ဖွင့်လှစ်ပြသလိုက်ပါတယ်။ Sci-Tech Complex ခန်းမမှာ ကျင်းပတဲ့ အဲဒီပွဲတော်အတွင်း ခင်းကျင်းပြသထားတဲ့ ဗိသုကာလက်ရာတွေနဲ့ နည်းပညာတွေကို ဧည့်သည်တွေ ကြည့်ရှုနေပုံကို အစိုးရသတင်းအေဂျင်စီ ကေစီအန်အေက ထုတ်လွှင့်ပြသပါတယ်။ ဗိသုကာလက်ရာ အနည်းဆုံး ၄၀၀ ကျော်၊ ဒီဇိုင်းပရိုဂရမ် ၃၀ ကျော်နဲ့ ဗိသုကာပုံဆွဲရာမှာသုံးတဲ့ အထောက်အကူပြုပစ္စည်း အမျိုးအစား ၄၀ ကျော်ကို ခင်းကျင်း ပြသခဲ့တယ်လို့ ကေစီအန်အေက ဆိုပါတယ်။ အဲဒီပွဲတော်ဖွင့်ပွဲကို မြောက်ကိုရီးယား ဒု-ဝန်ကြီးချုပ်နဲ့အတူ ဗိသုကာနဲ့ နည်းပညာရှင်တွေ၊ ဆရာ ဆရာမတွေနဲ့ သုတေသနပညာရှင်တွေ တက်ရောက်ခဲ့ကြောင်း ကေစီအန်အေ သတင်းအရ သိရပါတယ်။
3 years Ago
Up