ဗာရတ်တီ

December 14, 2020

နေမာနှင့် အမ်ဘာပေ စာချုပ်သက်တမ်းတိုးမည်ဟု ယုံကြည်ကြောင်း ဗာရတ်တီ ပြော

နေမာနဲ့ အမ်ဘာပေတို့ ၂ ယောက်စလုံးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိမ့်မယ်လို့ ယုံကြည်မှုကြောင်း ပီအက်စ်ဂျီ ကွင်းလယ်လူ မာကိုဗာရတ်တီက ပြောပါတယ်။  ဒီစူပါစတား တိုက်စစ်ကစားသမား ၂ ယောက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ သဘောတူညီမှုမရခဲ့ပါက ပီအက်စ်ဂျီအနေနဲ့ သူတို့ကို အခုနွေရာသီမှာ ရောင်းထုတ်သွားရပါမယ်။ အဲဒီလိုမှမဟုတ်ရင် နောက်တစ်နှစ်အကြာမှာ သူတို့ ၂ ဦးစလုံးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် စာချုပ်သစ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ အားကစားဒါရိုက်တာ လီယိုနာဒိုက အတည်ပြုပြောဆိုခဲ့ပြီး ဘယ်အချိန် စာချုပ်သစ်ချုပ်ဆိုနိုင်မလဲဆိုတာနဲ့ ဒီကစားသမားနှစ်ဦးက သူတို့ရဲ့အနာဂတ်ကို ပီအက်စ်ဂျီအသင်းအတွက် မြှုပ်နှံထားခြင်းရှိမရှိပေါ်မှာ မူတည်နေတယ်လို့ ဗာရတ်တီက ပြောပါတယ်။ “နေမာနဲ့ အမ်ဘာပေတို့ကို အသင်းကနေ ထွက်မသွားဖို့ ကျနော် တွေ့တိုင်းပြောဖြစ်ပါတယ်။ တခါတလေဆို အမ်ဘာပေကို စာချုပ်သစ်မှာ လက်မှတ်ထိုးပြီးပြီလား၊ ထိုးပြီးပြီလားလို့ ခဏခဏ ပြောနေတတ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ဒီအသင်းမှာ ပျော်ရွှင်နေတာကြောင့် စာ ချုပ်သစ်ချုပ်ဆိုဖို့ဆိုတာလည်း ကြာမြင့်မယ်လို့ မထင်ပါဘူး။” ဒီကစားသမား  ၂ ဦးအတွက်   ဘောလုံးကစားဖို့ လက်ရှိအချိန်မှာ ပီအက်စ်ဂျီထက် ပိုကောင်းတဲ့အသင်း မရှိဘူးလို့လည်း ဗာရတ်တီက ပြောပါတယ်။  “နေမာနဲ့ အမ်ဘာပေတို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း တသင်းရဲ့အစိတ်အပိုင်းတွေပါ။ ပွင်းပွင့်လင်းလင်းပြောရရင် ပီအက်စ်ဂျီထက် ပိုကောင်းတဲ့အသင်း မရှိသေးပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလား ရယူပြီး အသင်းအတွက် သမိုင်းသစ် ရေးထိုးနိုင်ပါတယ်” လို့ ပြောပါတယ်။  ဗာရတ်တီကိုယ်တိုင် အရင်တုန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေဖို့အတွက် သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဟာ သူ့အနာဂတ်ကို ပဲရစ်အသင်းအတွက် မြှုပ်နှံထားကြောင်း ပြသခဲ့ပါတယ်။
4 months Ago
Up