ဗာဗစ်

November 12, 2019

ဘောလုံးသမား အပြောင်းအရွှေ့

ဆာဗစ် ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့စာရင်းမှာ လာဇီယိုကစားသမား မီလင်ကိုဗစ် ဆာဗစ်က ထိပ်ဆုံးမှာ ရှိနေတယ်လို့ Mirror သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆားဗီးယားသားဟာ အီတလီမြေမှာ အကောင်းဆုံးပုံစံကို ရရှိနေပြီး လက်ရှိဈေးကွက်ပေါက်ဈေးအရ ပေါင်သန်း ၇၀ လောက် တန်ကြေးရှိနေပါတယ်။ ဒါ့ကြောင့် သူဟာ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရမှုကို ပယ်ဖျက်ပြီးချိန်မှာ အသင်းရဲ့ နံပါတ် ၁ အပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ယူဆရပြီး သူ ရောက်လာခြင်းကလည်း လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့အားဖြည့်မှု ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။  မီလင်ကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ် ကိုပါအီတလီယာ ဖလားရခဲ့တဲ့ လာဇီယိုအသင်းကို အကောင်းဆုံး မောင်းနှင်ပေးနိုင်ခဲ့သူဖြစ်ပြီး သူ ရောက်လာခြင်းက ချဲလ်ဆီးအသင်းရဲ့ လူငယ် ကစားသမားတွေအတွက် ကြီးမားတဲ့သက်ရောက်မှု ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။
2 years Ago
Up