ဗာတီကန်နန်းတော်

September 25, 2020

ဗာတီကန်နန်းတော်၏ အဆင့်မြင့်အမှုထမ်း ၁ ဦး နုတ်ထွက်

ဗာတီကန်ရဲ့အဆင့်မြင့် အမှုထမ်း တဦးဖြစ်တဲ့ ကာဒီနယ် ဂျီယိုဗန်နီ-အန်ဂျလိုဘတ်ချူဟာ ရုတ်တရက် ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ဗာတီကန်နန်းတော်က စက်တင်ဘာ ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။  ကာဒီနယ် ဂျီယိုဗန်နီ အန်ဂျလိုဘတ်ချူဟာ အရင်က ဗာတီကန်ရဲ့ အတွင်းဝန်များရုံးမှာ  ဒုတိယဝါအရင့်ဆုံးအရာရှိအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။  ကာဒီနယ် ဘတ်ချူဟာ ကျောင်းတော်ရန်ပုံငွေကို ရင်းနှီးမြှုပ်နှံမှု တခုအနေနဲ့  လန်ဒန်က ဇိမ်ခံ အဆောက်အအုံတခုကို ဝယ်ယူတဲ့ အငြင်းပွားဖွယ် အရောင်းအဝယ်မှာ ပတ်သက်ခဲ့ပါတယ်။  အဲဒီအရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး သူက အမှားမလုပ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ ကာဒီနယ် ဘတ်ချူရဲ့ ရာထူးနုတ်ထွက်လွှာကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က လက်ခံခဲ့ တယ်လို့  ဗာတီကန်နန်းတော်က ထုတ်ပြန်ခဲ့ပေမဲ့ နောက်ထပ်  အသေးစိတ်ကို  မဖော်ပြခဲ့ဘူးလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ 
8 months Ago
Up