ဗာဂျီးနီးယားပြည်နယ်

A d v e r t i s e m e n t With Us

July 16, 2019

ဗာဂျီးနီးယားတွင် ဆန္ဒပြလူအုပ်ထဲ ကားဖြင့်ဝင်တိုက်ခဲ့သည့် တရားခံအား ထောင်ဒဏ်တသက်နှင့် ၄၁၉ နှစ် ထပ်မံချမှတ်

လွန်ခဲ့တဲ့ ၂ နှစ်က ဗာဂျီးနီးယားပြည်နယ် ရှားလက်စ်ဗေးလ်မြို့မှာ ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ တရားခံ ဂျိမ်းစ်အဲလက်စ်ဖီးလ်ကို ဇူလိုင် ၁၅ ရက်နေ့က ထောင်ဒဏ်တသက်နဲ့ ၄၁၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ တရားခံ ဖီးလ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၁၂ ရက်နေ့က ရှားလက်စ်ဗေးလ်မြို့မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှု စွဲချက်တွေမှာ အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် အာမခံမရဘဲ လက်ရှိ ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ် ကျခံနေရတဲ့အတွက် အခု ပြစ်ဒဏ်ဟာ ဒုတိယမြောက် ထောင်ဒဏ်တသက် ချမှတ်ခံရတာ ဖြစ်ပါတယ်။ ဖီးလ်ဟာ တရားရုံးကြားနာမှုကို ထောင်ဝတ်စုံနဲ့ လာရောက်နားထောင်ခဲ့ပါတယ်။ ရှားလက်စ်ဗေးလ် တရားရုံး ရှေ့နေက တရားခံ ဖီးလ်ဟာ ထောင်ဒဏ်နဲ့ ငွေဒဏ် ဒေါ်လာ ၄၈၀,၀၀၀ ကို ဆက်တိုက်ကျခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ရှားလက်စ်ဗေးလ်မြို့ ဆန္ဒပြလူအုပ်ထဲကို ဖီးလ်က ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် ဟက်သာဟေယာဆိုသူ အမျိုးသမီးတဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
2 years Ago

November 7, 2018

ရီပတ်ဘလစ်ကန် အမာခံနယ်မြေ ဗာဂျီးနီးယားပြည်နယ်တွင် ဒီမိုကရက်ပါတီ အနိုင်ရ

ရီပတ်ဘလစ်ကန် အမာခံနယ်မြေ ဗာဂျီးနီးယားပြည်နယ်မှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်း ဂျနီဖာဝက်စ်တန်က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဘာဘရာကောမ်စတော့ကို အနိုင်ရသွားပါတယ်။ ဒီမိုကရက်တွေရဲ့ အခုအောင်ပွဲဟာ ရီပတ်ဘလစ်ကန်တွေရဲ့ ဆယ်စုနှစ်များစွာ မြောက်ပိုင်း ဗာဂျီးနီးယားလွှတ်တော် အမတ်နေရာ ထိန်းချုပ်မှုကို အဆုံးသတ်သွားစေခဲ့ပါတယ်။ အခုရွေးကောက်ပွဲဟာ ထရမ့်ဆန့်ကျင်ရေး စွမ်းအားကို ရွေးကောက်ပွဲအောင်ပွဲအဖြစ် ပြောင်းလဲနိုင်မလားဆိုတာ စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ အောက်လွှတ်တော်အတွက် လိုအပ်တဲ့ အမတ် ၂၃ နေရာရဖို့ ဒီမိုကရက်တွေ အားသာတယ်ဆိုပြီး ရွေးကောက်ပွဲ ခန့်မှန်းသူတွေက ဆိုပါတယ်။ ဒါပေမယ့် လူထုသဘောထား စစ်တမ်းမှာတော့ ဒီမိုကရက်တွေဟာ အထက်လွှတ်တော်ကို ထိန်းချုပ်ဖို့ရာ လိုအပ်တဲ့ အမတ်နေရာ နှစ်ခုရရှိဖို့ အခွင့်အလမ်းနည်းတယ်လို့ ဖော်ပြပါတယ်။ အခု အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ အောက်လွှတ်တော်အမတ် ၄၃၅ နေရာစလုံး၊ အထက်လွှတ်တော်အမတ် ၃၅ နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူး ၃၆ နေရာအတွက် ဆန္ဒမဲပေး ရွေးချယ်မှာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up