ဗဟန်းမြို့နယ်

July 25, 2020

ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်ရုံးတွင် မဲစာရင်းလာကြည့်သူ ၁၅ ဦးရှိပြီ (ဓာတ်ပုံ)

ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်ရုံးမှာတော့ မဲစာရင်းစကပ်တဲ့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၇ နာရီကနေ ၉ နာရီအထိ လာရောက်ကြည့်ရှုသူ ၁၅ ယောက်ရှိသွားပြီလို့ တာဝန်ရှိသူက ပြောပါတယ်။  လာရောက်ကြည့်ရှုသူတွေရဲ့ နာမည်နဲ့ လက်မှတ်ကို ယူထားပြီး အခုလို ယူထားတာဟာ ဘယ်လောက်လာကြည့်တယ်ဆိုတာကို သိနိုင်ဖို့နဲ့ လာမကြည့်ဘဲ အမျိုးမျိုးပြောဆိုတာတွေကို သိနိုင်ဖို့အတွက် လုပ်ထားတာလို့ ဆိုပါတယ်။  မဲစာရင်းပါတဲ့ ရပ်ကွက်မှာ အနေကြာခဲ့ပြီး မကြာခင်ကမှ တဖက်ရပ်ကွက်ကို ပြောင်းသွားသူတွေ ရှိတာကိုတော့ မဲစာရင်းပါတဲ့ဆီမှာ ပေးမလား ပြောင်းသွားတဲ့ ရပ်ကွက်မှာ ပေးချင်လားဆိုတဲ့အပေါ်  စီစဉ်ပေးမယ်လို့ ဆိုပါတယ်။  ပြောင်းရွှေ့သွားတဲ့ ရပ်ကွက်မှာ ပေးချင်ရင်တော့ လက်ရှိစာရင်းကို ပယ်ဖျက်ပေးမှာဖြစ်ပြီး မူလနေရာမှာပဲ ပေးချင်တယ်ဆိုရင်တော့ ပြောင်းရွှေ့သွားတဲ့ရပ်ကွက်က တာဝန်ရှိသူတွေထံ အသိပေးအကြာင်းကြားပေးပါလို့ ဆိုပါတယ်။
9 months Ago

February 9, 2020

ဗဟန်းမြို့နယ် အထည်ဆိုင်တခုတွင် ဓားထောက်လုယက်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်ရှိ The Avenue အထည်ဆိုင်မှာ ဓားထောက် ခြိမ်းခြောက်ပြီး ငွေကျပ် ၂၈၀၀၀၀ လုယက် ထွက်ပြေးသွားသူအား ရာဇသတ်ကြီး ပုဒ်မ ၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ အထည်ဆိုင် အရောင်းကောင်တာမှာ ကိုပြည့်ဖြိုးအောင် ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား ၁ ဦး ဆိုင်ထဲ ဝင်ရောက်လာပြီး အင်္ကျီများအား လိုက်လံကြည့်ရှုကာ ဈေးနှုန်းတွေ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် အရောင်းကောင်တာအနီး ရောက်ရှိလာပြီး ကိုပြည့်ဖြိုးအောင်အား ဓားဦးချွန် ၁ ချောင်း ပြသခြိမ်းခြောက်ကာ ကောင်တာအတွင်းရှိ ငွေ ၂၈၀,၀၀၀ ကျပ်အား လုယူ ထွက်ပြေးသွားတာပါ။ လုယူသွားတဲ့ အမည်မသိ အမျိုးသား ၁ ဦး (စိစစ်ဆဲ) အား ဗဟန်းမြို့မရဲစခန်း (ပ)၃၅၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ (နာကျင်စေရန် ပြင်ဆင်၍ ခြောက်လှန့် တောင်းယူမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
1 year Ago
Up