ဗလီဝတ်ကျောင်း

A d v e r t i s e m e n t With Us

April 24, 2020

ရာမန်ဒန်ဥပုသ်လအတွင်း မက္ကာမြို့က ဗလီဝတ်ကျောင်းကြီးကို ပထမဆုံးအကြိမ်ပိတ်

အစ္စလာမ်ဘာသာရဲ့ နှစ် ၁၄၀၀ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်     မက္ကာမြို့  ဗလီ ဝတ်ကျောင်းကြီးနဲ့ မဒီနာမြို့က တမန်တော်မြတ်ရဲ့ ဗလီဝတ်ကျောင်းကို  ရာမန်ဒန်ဥပုသ်လအတွင်း  အများပြည်သူ ဝင်ရောက်ခွင့် ပိတ်သွားမှာ ဖြစ်ပါတယ်။     ဘာသာရေးဆရာတွေ ၊ လုံခြုံရေးအမှုထမ်းတွေနဲ့ သန့်ရှင်းရေးဝန်ထမ်းအပါအဝင် တာဝန်ရှိ ဝန်ထမ်းတွေကိုသာ ဗလီဝတ်ကျောင်းအတွင်း   ဝတ်ပြုဖို့ ခွင့်ပြုထားပါတယ်။  ရာမန်ဒန်လရဲ့ ပထမဆုံးညနေ ဝတ်ပြုဆုတောင်းမှုကို  ဧပြီ ၂၃ ရက် ညနေမှာ   တီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။  ဧပြီ ၂၄  ရက်ကို ဥပုသ်လပထမဆုံးရက်အဖြစ်  ဆော်ဒီအာရေဗျနိုင်ငံက ကြေညာ ထားပါတယ်။    ကမ္ဘာကြီးကို အတိဒုက္ခရောက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးသွားစေဖို့အတွက် ရာမန်ဒန်ဥပုသ် ကာလအတွင်း ဝတ်ပြုဆုတောင်းကြဖို့  ဘာသာရေး ဆရာတစ်ဦးဖြစ်တဲ့ ရှိတ်အဗ္ဗဒူရာမန်က တိုက်တွန်းခဲ့ပါတယ်။   ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံဖြစ်တဲ့  အင်ဒိုနီးရှားနိုင်ငံရဲ့  အာချေးပြည်နယ်မှာ တော့  ရာမန်ဒန်ဥပုသ်လအစမှာ အစ္စလာမ်ဘာသာဝင်တွေ စုဝေးဝတ်ပြုခဲ့တယ်လို့ ရိုက်တာ သတင်းကဖော်ပြပါတယ်။   
10 months Ago
Up