ဗလီတခု

A d v e r t i s e m e n t With Us

January 11, 2020

ပါကစ္စတန် ဗလီတခု ပေါက်ကွဲမှုဖြစ်၊ အကြီးတန်းရဲအရာရှိ အပါအဝင် ၁၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကေတာမြို့က ဗလီတခုမှာ ဇန်နဝါရီ ၁၀ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကြီးတန်းရဲအရာရှိတဦး အပါအဝင် လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောကြားပါတယ်။  ကေတာမြို့ဟာ အာဖဂန်နစ္စတန်နဲ့ အီရန်တို့ရဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘာလိုချီစတန်ပြည်နယ် မြို့တော်လည်း ဖြစ်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းကို ကျမ်းစာသင်တန်းကျောင်းအတွင်းက ဗလီထဲမှာ ထားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၂၀ လောက်လည်း ဒဏ်ရာရခဲ့ပါတယ်။  ဒါဟာ ဒီသီတင်းပတ်အတွင်း ကေတာမြို့မှာ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပါတယ်။ အခုပေါက်ကွဲမှုမှာ သေဆုံးသွားတဲ့  ရဲအရာရှိရဲ့သားဟာလည်း ပြီးခဲ့တဲ့လတုန်းက အမည်မသိလူတွေ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။  ပေါက်ကွဲမှုဖြစ်ရာ နေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေရေးလုပ်နေတယ်လို့  စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။   တွင်းထွက်ပစ္စည်းနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝရာ ဘာလိုချီစတန်ပြည်နယ်ဟာ ဒေါ်လာ  ဘီလီယံ ၆၀ တန်ဖိုးရှိတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ ဗဟိုချက်မဖြစ်ပြီး တရုတ် ရပ်ဝန်းနဲ့ပိုးလမ်းမ အခြေခံအဆောက်အအုံစီမံကိန်း တစိတ်တဒေသလည်း ဖြစ်ပါတယ်။
1 year Ago
Up