ဗလာဒီမီယာ ပိုတာနင်

A d v e r t i s e m e n t With Us

June 6, 2020

အာတိတ်ဒေသရေနံယိုဖိတ်မှု ရှင်းလင်းရန် ရုရှားကုမ္ပဏီ ဒေါ်လာ ၁၄၅ သန်းသုံးမည်

ရုရှားနိုင်ငံက သတ္ထုတူးဖော်ရေးလုပ်ငန်း နော်ရစ်နီကယ်ဟာ အာတိတ်ဒေသအတွင်း ရေနံယို ဖိတ်မှုကြီးကို သန့်ရှင်းရေးလုပ်ဖို့ ဘဏ္ဍာငွေအပြည့်အဝ သုံးမှာဖြစ်ပြီ အမေရိကန် ဒေါ်လာ ၁၄၅ သန်းလောက် ကုန်ကျလိမ့်မယ်လို့ ကုမ္ပဏီဥက္ကဌ ဗလာဒီမီယာ ပိုတာနင်က ဇွန်လ ၅ ရက်မှာ ပြောခဲ့ပါတယ်။  ကုမ္ပဏီရဲ့အဓိက ထုတ်လုပ်မှု နယ်မြေနားမှာ တည်ဆောက်ထားတဲ့ နော်ရစ်မြို့က စွမ်းအင်လုပ်ငန်းမှာ ရှိနေတဲ့ လောင်စာလှောင်ကန်တခု မေလ ၂၉ ရက်က ဖိအားလျော့ကျခဲ့တာပါ။ ဒါကြောင့် လောင်စာနဲ့ ချောဆီ တန်ချိန် ၁ သောင်းခွဲလောက် အန်ဘာနာယာ မြစ်ထဲ ယိုဖိတ်ခဲ့သလို အပေါ်ယံ မြေဆီလွှာထဲကိုလည်း တန်ချိန် ၆ ထောင်လောက် ယိုစိမ့်ခဲ့ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပြီး ၂ ရက်အကြာမှ လူမှုကွန်ရက် မီဒီယာပေါ်ကနေ အာဏာပိုင်တွေ သိခဲ့ရတာကြောင့် ထိတ်လန့်တုန်လှုပ်ရတယ်လို့ ရုရှားသမ္မတ ပူတင်က ရုပ်သံကနေ ကျင်းပတဲ့ အစိုးရ အဖွဲ့အစည်းအဝေးအတွင်း ဇွန် ၄ ရက်မှာ ပြောပါတယ်။  ဒေသန္တရအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါးအက်စ်ကိုလည်း လေလှိုင်းထဲကနေ ဆူပူပြစ်တင် ခဲ့သလို ဒေသတွင်း အရေးပေါ်အခြေအနေလည်း ကြေညာခဲ့ရပါတယ်။  ဒီယိုဖိတ်မှုကြောင့် ပတ်ဝန်းကျင်က မြေလွှာနဲ့ မြစ်တို့ ဆိုးဆိုးရွားရွား သက်ရောက်ခဲ့တယ်လို့ အစိုးရ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။  နော်ရစ်နစ်ကယ်ကုမ္ပဏီဟာ နီကယ်နဲ့ ပါလာဒီယံ ထုတ်လုပ်ရေးမှာ ကမ္ဘာ့ဦးဆောင် ကုမ္ပဏီ တခုလည်း ဖြစ်ပါတယ်။  ကုမ္ပဏီဟာ ယိုဖိတ်မှုကို ပြန်သန့်ရှင်းရေးလုပ်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ ပြောဆိုတဲ့ အပြင် မော်စကိုမြို့တော်က ပညာရှင်တွေကို အခင်းဖြစ်ရာနေရာဆီ ဖိတ်ခေါ်လာခဲ့သလို နောက်ထပ် ယိုဖိတ်ပျံ့နှံ့မှုတွေကို ဟန့်တားဖို့ မြစ်ရဲ့ ညစ်ညမ်းအစိတ်အပိုင်းကို ပိတ်ကာထားပြီးပြီလို့လည်း ပြောခဲ့ပါတယ်။
9 months Ago
Up