ဗလာဒီမာပူတင်

February 28, 2020

အပန်းဖြေဥယျာဉ် Dream Island ကို ရုရှားသမ္မတ သွားရောက်ကြည့်ရှု

ဥရောပတိုက်မှာ အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ဥယျာဉ်ဖြစ်လာမယ်လို့ ရုရှားအစိုးရ ပြောထားတဲ့  Dream Island အပန်းဖြေဥယျဉ်ကို ဖေဖော်ဝါရီ ၂၇ ရက်က သမ္မတ ဗလာဒီမာပူတင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။  ရုရှားဘာသာစကားနဲ့ အော့စတော့ဗ် မစ်ချ်တေလို့ ခေါ်ဆိုတဲ့  အပန်းဖြေဥယျာဉ်ကို မော်စကိုမြို့တောင်ဘက် စက်မှုဇုန်အရပ်က မြေဟက်တာ ၃၀ ကျော်မှာ တည်ဆောက်ထားပါတယ်။  အပန်းဖြေဥယျာဉ်ကို ရဲတိုက်သဏ္ဍန် တည်ဆောက်ထားပြိး ဥယျာဉ်ထဲမှာတော့ ကစားစရာယျာဉ်တွေ၊ စိတ်ဝင်စားဖွယ်နေရာတွေနဲ့ စားသောက်ဆိုင်တွေ ပါဝင်ပါတယ်။  သမ္မတ ပူတင်နဲ့အတူ မော်စကို မြို့တော်ဝန်ပါ လိုက်ပါခဲ့ပြီး  ပူတင်ဟာ ဥယျာဉ်အတွင်းက အဆောက်အအုံ ပုံစံငယ်ကို ကြည်ရှုစစ်ဆေးခဲ့ပါတယ်။  ရုရှားဟာ အများယူဆထားသလို အင်အားကြီးနိုင်ငံ ဖြစ်ဆဲဆိုတာကို ပြသတဲ့အနေနဲ့ မကြာသေးခင်နှစ်တွေကစလို့  အနောက်နိုင်ငံတွေထက် ပိုမိုကြိးမားကောင်းမွန်တဲ့ အဆောက် အအုံတွေကို ကြိုးပမ်းတည်ဆောက်နေပါတယ်။  ဒါ့အပြင် ကြီးမားတဲ့ တည်ဆောက်ရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ပရောဂျက်တွေအတွက် ရုရှားဟာ ကျေနပ်ဂုဏ်ယူနေသလို အဲဒီထဲမှာ အခုတည်ဆောက်ထားတဲ့ Dream Island အပန်းဖြေဥယျာဉ်လည်း ပါဝင်တယ်လို့ ရိုက်တာက ဆိုပါတယ်။
2 years Ago

December 20, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရန် လမ်းဖွင့်ထားဟု ရုရှားသမ္မတပြော

ရုရှားပါလီမန် လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်တာနဲ့ သမ္မတသက်တမ်း အရေအတွက် ကန့်သတ်တာ အပါအဝင် ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့ကို လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။ သမ္မတပူတင်ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ခန့်မှန်းပြောဆိုတာတွေ ရှိနေချိန်မှာ ရုရှား ဖွဲ့စည်းပုံဥပဒေပြောင်းလဲရေးကိစ္စကို လူအများက အနီးကပ် စောင့်ကြည့်နေပါတယ်။  ၁၉၉၉ ခုနှစ်ကစလို့ ပူတင်ဟာ သမ္မတ နဲ့ ဝန်ကြီးချုပ် ရာထူးကို တလှည့်စီရယူခဲ့ပြီး စတုတ္ထမြောက် သမ္မတ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ မှာတော့ သူဟာ ရာထူးကနေ ဆင်းပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ ရုရှားဖွဲ့စည်းပုံဥပဒေအရ ဘယ်သူမဆို သမ္မတသက်တမ်း နှစ်ခုထက်ပိုပြီး ဆက်တိုက် ထမ်းဆောင်ခွင့်ကို တားမြစ်ထားပါတယ်။  ဝေဖန်သူတွေကတော့ ပူတင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး  ၂၀၂၄ အလွန်အထိ အာဏာကို ဆုပ်ကိုင်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲထားပါတယ်။ 
2 years Ago
Up