ဗလန်စီယာ - ရီးရဲမက်ဒရစ်

January 4, 2016

ဗလန်စီယာ ၂-၂ ရီးရဲမက်ဒရစ် (ရုပ်သံဟိုက်လိုက်)

မနေ့က ကစားခဲ့ကြတဲ့ စပိန်လာလီဂါပွဲစဉ် ဗလန်စီယာနဲ့ ရီးရဲမက်ဒရစ်တို့ ပွဲစဉ် မှာ တဖက်ကို ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ပွဲစချိန် ၁၆ မိနစ်မှာ အဖွင့်ဂိုးကို ရီးရဲမက်ဒရစ်အသင်းမှ ကာရင်ဘန်ဇီမာက သွင်း ယူခဲ့တာဖြစ်ပြီး အချိန် ၄၅ မိနစ်မှာ မှ အိမ်ရှင် ဗလန်စီယာအသင်းအတွက် ချေပဂိုးကို ဒန်နီယယ်ပါရီဂျိုက ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ အချိန် ၈၂ မိနစ်မှာတော့ ရီးရဲမက်ဒရစ်အသင်းမှ ဂါရက်သ်ဘေးက ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပြီး နောက်ထပ် ၁ မိနစ်အကြာမှာ အိမ်ရှင်ဗလန်စီယာအ သင်းအတွက် ချေပဂိုးကို ပေကိုအယ်ကေဆာက ပြန်လည်သွင်းယူခဲ့တာ ၂ ဂိုးစီနဲ့သရေ ကျသွားခဲ့တာပါ။
7 years Ago
Up