ဗလင်စီယာ၏ လှပသည့်သွင်းဂိုးဖြင့် မန်ယူက အဲဗာတန်ကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

September 18, 2017

ဗလင်စီယာ၏ လှပသည့်သွင်းဂိုးဖြင့် မန်ယူက အဲဗာတန်ကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက ၄ ဂိုးပြတ်နဲ့ အဲဗာတန်ကို အနိုင်ရသွားပါတယ်။ အသင်းဟောင်း မန်ယူနဲ့ ရင်ဆိုင်တဲ့ပွဲမှာ တိုက်စစ်မှူး ရွန်နီ ပါဝင်ကစားသွားပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ အဲဗာတန် နောက်တန်းသမားရဲ့ အမှားကနေ ဗယ်လန်စီယာက လှလှပပပ ကန်သွင်းယူပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ မန်ယူကပဲ ကစားကွက်အသာနဲ့ ယှဉ်ပြိုင်သွားပြီး ဂိုးပေါက် ခြိမ်းခြောက်နိုင်မှုတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကို ၈၃ မိနစ်မှာ မီခီတာရန်၊ တတိယဂိုးကို ၈၉ မိနစ်မှာ လူကာကူက သွင်းယူပါတယ်။ မန်ယူအတွက် အပိတ်ဂိုးကို ၉၂ မိနစ်မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး မာရှယ်က ပင်နယ်တီကတဆင့် သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူ ကွင်းလယ်မှာ မာတစ် ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူက ၁၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပြီး အဲဗာတန်ကတော့ ၄ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up