အီတလီ စီးရီးအေကလပ် လာဇီယိုက ပေါ်တူဂီ ကွင်းလယ်ကစားသမား နာနီကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၃၀ အရွယ် နာနီဟာ မန်ယူကနေ ၂၀၁၆ မှာ စပိန်လာလီဂါကလပ် ဗလင်စီယာကို ၃ နှစ်စာချုပ်နဲ့ ရောက်ရှိလာတာပါ။
ပေါ်တူဂီ ကွင်းလယ်ကစားသမား နာနီဟာ ပြီးခဲ့တဲ့ရာသီမှာ ဗလင်စီယာအသင်းအတွက် ၂၆ ပွဲကစားပြီး ၅ ဂိုး သွင်းယူထားပါတယ်။
နာနီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်တုန်းက အဓိက ကစားသမားတယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
သူဟာ မန်ယူမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
5 years Ago