ဗလက်ကာနို

A d v e r t i s e m e n t With Us

March 8, 2016

စပိန်လာလီဂါပွဲစဉ် အက်စ်ပန်ညို ၂ - ၁ ရေယို ဗလက်ကာနို (ရုပ်သံဟိုက်လိုက်)

မတ် ၈ ရက် မနက်က ယှဉ်ပြိုင်သွားတဲ့ စပိန် လာလီဂါပွဲစဉ်မှာ အက်စ်ပန်ညိုက ရေယို ဗလက်ကာနိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲချိန် ပထမပိုင်း ၁၂ မိနစ်ကတည်းက အက်စ်ပန်ညိုတို့ ဗွေဆော်ဦးဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ဗလက်ကာနိုက ချေပဂိုးသွင်းယူခဲ့လို့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ၇၇ မိနစ်မှာ အက်စ်ပန်ညိုက ဂိုးထပ်သွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ မိနစ် ၉၀ မှာတော့ အက်စ်ပန်ညိုက ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဗလက်ကာနိုအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အက်စ်ပန်ညိုက ၂၈ ပွဲကစား ၃၁ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၄၊ ဗလက်ကာနိုကတော့ ၂၈ ပွဲကစား ၂၆ မှတ်နဲ့ တန်းဆင်းဇုန်အထက် နံပါတ် ၁၇ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up