ဗယ်လီဂျို

July 28, 2019

ရီးရဲလ်နောက်ခံလူ ဗယ်လီဂျိုကို တရာသီအငှားဖြင့် ဝုဗ်အသင်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ဂျီးဆပ် ဗယ်လီဂျို ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဗယ်လီဂျိုဟာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ စပိန်အသင်းကို ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့သူဖြစ် ဝုဗ်အသင်းရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုလည်းဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ ဗယ်လီဂျိုရဲ့ ရီးရဲလ်ကစားသမားဘဝ သက်တမ်းတလျှောက် တတိယ မြောက်အငှားပြောင်းရွှေ့မှုဖြစ်ပါတယ်။ လူငယ်ကစားသမားလေးဟာ ၂၀၁၅ ခုနှစ်မှာ ရီးရဲလ်ဇာရာဂိုဇာအသင်းကို အငှားသွားရောက်ကစားခဲ့ရပြီး အဲ့ဒီနောက်မှာတော့ ရီးရဲလ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။ အဲ့ဒီနောက်မှာ ဂျာမနီကလပ် ဖရန့်ဘတ်အသင်းကို ထပ်မံအငှားသွားရောက်ခဲ့ရပြီး ၂၀၁၆/၁၇ ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ဗယ်လီဂျိုဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကြီးအတွက် ပွဲထွက်ခွင့် ၁၉ ပွဲမှာ ၇ ပွဲကို ပြီးခဲ့တဲ့ ရာသီမှာ ရရှိခဲ့တာဖြစ်ပြီး မက်ဒရစ်ကလပ်အသင်းအတွက် ပထမဆုံးသော သွင်းဂိုးကို မေလမှာကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာရရှိခဲ့ပါတယ်။ ဗယ်လီဂျိုဟာ စပိန်လက်ရွေးစင်အသင်းအတွက် သက်တမ်းလိုက်ပွဲစဉ်တွေမှာ ပုံမှန်ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း ယူ ၂၁ အသင်းရဲ့ အသင်း ခေါင်းဆောင်ဖြစ်ပါတယ်။ ဗယ်လီဂျိုဟာ ဝုဗ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်တာကြောင့် နိုင်ငံအသင်းကစားဖော် ဂျွန်နီ အော့တာနဲ့ ပြန်လည်ပေါင်းစည်းခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ လာမယ့် ရာသီမှာ ဥရောပပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသူဖြစ်ပြီး ရီးရဲလ်အ သင်းနဲ့ ဥရောပ အတွေ့အကြုံကောင်းတွေ ရှိထားတဲ့ ဗယ်လီဂျိုက နည်းပြကြီး နူနိုရဲ့ ဝုဗ်အသင်းအတွက် ဘယ်လောက်အထောက်အကူဖြစ်စေနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
2 years Ago
Up