ဗယ်လက်ကာနို

February 2, 2016

စပိန်လာလီဂါပွဲစဉ် ဒီပို့တီဗို ၂ - ၂ ရေရို ဗယ်လက်ကာနို (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁ ရက်က ကစားသွားတဲ့ စပိန်လာလီဂါက ဒီပို့တီဗိုနဲ့ ဗယ်လက်ကာနိုတို့ပွဲမှာ ၂ ဂိုးစီသရေနဲ့ ပြီးဆုံးသွားပါတယ်။ ပထမပိုင်း ၈ မိနစ်မှာ ဗယ်လက်ကာနိုက ၁ ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားပေမယ့် ဒီပို့တီဗိုက ၁၉ မိနစ်မှာ ချေပဂိုး ပြန်သွင်းယူပါတယ်။ ၂၃ မိနစ်မှာတော့ ဒီပို့တီဗို ဂိုးသမားရဲ့ လူပေးမှားရာကနေ တဆင့် ဗယ်လက်ကာနိုတို့ ဒုတိယဂိုး ရရှိသွားပြီး ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစပြီး ၁ မိနစ်အကြာမှာ ဒီပို့တီဗို ကစားသမား ဂိုးစည်းထိပ်ကနေ ကန်သွင်းပြီး ချေပဂိုး ရရှိသွားပါတယ်။ ဒီနောက်မှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်တဲ့အတွက် ၂ ဂိုးစီသရေနဲ့ ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ သရေကျတဲ့အတွက် ဗယ်လက်ကာနိုကတော့ တန်းဆင်းဇုန်ထဲက အဆင့် ၁၈ မှာ ရပ်တည်နေသလို ဒီပို့တီဗိုကတော့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။
7 years Ago
Up