ဗမ်ကိုမုန်တိုင်း

November 15, 2020

ဖိလစ်ပိုင်တွင် ဗမ်ကိုမုန်တိုင်းကြောင့် ၆၇ ဦး သေဆုံး၊ ၁၂ ဦး ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကကျွန်းမကြီး လူဇုန်ကျွန်းတလျှောက် တိုင်ဖွန်းမုန်တိုင်း ဗမ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၆၇ ယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက် ပျောက်နေတယ်လို့ ကပ်ဘေးဆိုင်ရာ အေဂျင်စီက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ ဒီနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၂၁ လုံးမြောက် မုန်တိုင်း ဗမ်ကိုဟာ မြို့တော်နဲ့ တခြားခရိုင်တွေ နေရာအတော်များများကို လေပြင်းတွေ သည်းကြီးမည်းကြီး ရွာချတဲ့ မိုးတွေနဲ့အတူ နိုဝင်ဘာ ၁၁ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ မနီလာမြို့တော်နဲ့ အနားက ခရိုင်တွေက နေရာအများအပြားမှာ ရေပြန်ကျသွားပြီ ဖြစ်ပေမဲ့ နိုင်ငံအရှေ့မြောက်ပိုင်း ကာဂါယန်တောင်ကြားက မြို့အတော်များများမှာ အကြီးအကျယ် ရေကြီးနေဆဲပါ။ လေတိုက်နှုန်း ၁ နာရီ ၁၀၃ မိုင်နဲ့ တိုက်ခတ်ခဲ့တဲ့ ဗမ်ကိုမုန်တိုင်းဟာ ဗီယက်နမ် ကမ်းရိုးတန်းကို ဟာထင်ကနေ ကွမ်ငိုင်ခရိုင်ကတဆင့် ဝင်ရောက်မယ်လို့ အစိုးရ မိုးလေဝသဌာနက နိုဝင်ဘာ ၁၄ ရက်မှာ ဟောကိန်းထုတ်ထားပါတယ်။
1 year Ago
Up