ဗန်းမော်ခရိုင်တိုက်ပွဲ

April 28, 2021

ဗန်းမော်ခရိုင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ထပ်မံသေဆုံး

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း  ဧပြီ ၂၇ ရက်နေ့ တိုက်ပွဲ‌တွေမှာ  အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၄၀ သေဆုံးပြီး ကေအိုင်အေဘက်က ၂  ယောက် ကျဆုံးသွားတယ်လို့ ရှေ့တန်းရောက် ကေအိုင်အေအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်တပ်တွေကို စစ်ကောင်စီရဲ့ လေတပ်က မနေ့က အသံတိတ်ဗုံးကြဲလေယာဉ်အသုံးပြုကာ ၈ ကြိမ်လောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဧပြီ ၂၈ ရက် မနက် ၇ နာရီလောက်မှာလည်း  ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာနဲ့ လဘန်ရွာကြား အခြေချတဲ့ ခလရ (၅၈)အကြမ်းဖက်တပ်ဖွဲ့ကို  ကေအိုင်အေဘက်က ရှောင်တခွင် တိုက်ခိုက်ခဲ့ အကြမ်းဖက်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ဒီနောက် လေတပ်က မနက် ၉ နာရီခွဲလောက်မှာ  ဗန်းမော်မြို့နယ် မြို့သစ်အနီး စလောင်းကုန်းကို ဗုံးကြဲလေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကချင်ပြည်နယ် နေရာအနံ့ပြားမှာ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းအကျဆုံးစာရင်းကို စစ်ကောင်စီဘက်ကထုတ်ပြန်ထားခြင်းမရှိပေမဲ့ ကေအိုင်အေဘက်ကတော့ အကျဆုံးစာရင်းကို ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up