ဗန်းမော်

November 22, 2021

ဗန်းမော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အထက ၁ နဲ့ အထက၂ ကျောင်းလမ်းဆုံအနီးမှာ နိုဝင်ဘာ ၂၂ရက် မနက် ၉ နာရီလေက်က ဆိုင်ကယ်မောင်းလာတဲ့ ရဲတယောက်ကို  ဆိုင်ကယ်စီးလူ ၂ ယောက်က ပစ်ခတ်ခဲ့ပါတယ်။

“သေနတ် ၇ ချက်လောက်ပစ်ဖောက်သွားတာ၊ အဲလမ်းဆုံက လူသွားလူလာများတယ်။ အဲဒီ ရဲတော်တော်ထိသွားတာ၊ သွေးတွေနဲ့၊ စစ်ကောင်စီနဲ့ ရဲတွေ လာတင်သွားကြတယ်။ အဲလမ်းဆုံက ကင်းတဲမှာ စစ်ကောင်စီနဲ့ ရဲတချို့ မကြာခဏလာစောင့်ကြတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ကျည်ဆန်ထိမှန်သွားတဲ့  ရဲတပ်ဖွဲ့ဝင်ရဲ့ ဒဏ်ရာ အခြေအနေကိုတော့ မသိရသေးဘဲ ရဲတွေနဲ့ စစ်တပ်က  မီးပွိုင့်တွေမှာ ဖြတ်သန်းသွာလာသူ မှန်သမျှကို စစ်ဆေးနေပါတယ်။

နိုဝင်ဘာလဆန်းပိုင်း ၁၄ ရက်နေ့ညပိုင်းကလည်း ဗန်းမော်မြို့ ရှိ ပရဟိတကန်နဲ့ စကခ ၂၁ ဂိတ်အနီး စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

1 week Ago

November 15, 2021

ဗန်းမော်မြို့တွင်း ကင်းလှည့်စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ မင်းကျောင်းကုန်းရပ်ကွက် ပရဟိတကန်လမ်းမှာ နိုဝင်ဘာ ၁၄ ရက်နေ့ည ၈ နာရီကျော်လောက် ကင်းလှည့်လာတဲ့ စစ်ကားတစ်စီးအား ဗန်းမော် URF က မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီဝင်တချို့ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဗန်းမော်မြို့ခံတစ်ဦးက “မနေ့ညက မိုင်းသံလား၊ လက်နက်ကြီးသံလား မသိဘူး နှစ်ချက်ကြားလိုက်ရတယ်။ ညကတိတ်ဆိတ်နေတော့ သေနတ်သံတွေလည်း ကြားရတယ်” လို့ ပြောပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီရဲ့ အမှတ် ၂၁ တပ်ဂိတ်ဝအနီးမှာဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖြစ်စဉ်အနီးက မင်းကျောင်းရပ်ကွက်ကို စစ်ကောင်စီတပ်တေါ အင်အားအလုံးအရင်းနဲ့ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

2 weeks Ago
More News
Up